• International Sports
    ရော်နယ်ဒိုလို သက်ကြီးကစားသမားအတွက် ယူရိုသန်း ၁၀၀ မသုံးချင်ဘူးလို့ ပြောလိုက်တဲ့ ဘိုင်ယန်ဥက္ကဌ
Pyae Phyo Thein
[Unicode Version]

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဌ အူလီဟိုးနက်စ်က သူတို့အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို ဘာလို့ စိတ်မဝင်စားခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီအသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်အသင်းကို ယူရိုသန်း၁၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းပြဂိုးတွေသွင်းနေသူ ဖြစ်ပါတယ်။

process.jpg

Photo : 90 min

 

ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)ကြိမ် ဆွတ်ခူးခဲ့ပြီး (၃)နှစ်ဆက်တိုက် ရယူအပြီးမှာ ဘာနေဗျူးကို စွန့်ခွာဖို့ ရော်နယ်ဒိုက အားထုတ်ခဲ့ပါတယ်။ ဒီအချိန်မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ကလပ်အသင်းကြီးတွေအတွက် အခွင့်အရေး ရှိခဲ့ပေမယ့် ဂျူဗင်တပ်စ်ကသာ အလေးအနက်ထား စိတ်ဝင်စားခဲ့ပြီး အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးကို ယူရိုသန်း ၁၀၀အထိ ပေးချေပြီး ခေါ်ယူသွားခဲ့ပါတယ်။

cristiano-ronaldo-1.jpg

Photo : FOX Sports Asia

 

အူလီဟိုးနက်စ်က သူတို့အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း ဒီကစားသမားအတွက် ယူရိုသန်း ၁၀၀ မသုံးစွဲချင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ကစားသမားရဲ့ အသက်အရွယ်ကြောင့် များပြားတဲ့ငွေကြေးကို အသုံးပြုဖို့ ဆန္ဒမရှိခဲ့တာ လို့လည်း အူလီဟိုးနက်စ်က စပိန်သတင်းဌာန AS ကို ပြောဆိုသွားခဲ့ပါတယ်။

 

"သူ့အသက်က (၃၃)နှစ်ရှိပါပြီ၊ ဒါပေမယ့် သူ့ရဲ့တန်ကြေးက ယူရိုသန်း ၁၀၀တောင်မှပါ၊ ဒီအတွက် ကျွန်တော်တို့ သူ့ကို ခေါ်ယူဖို့ စိတ်မဝင်စားခဲ့တော့ပါဘူး၊ သူ့အသက် (၂၄)နှစ်လောက်ဆိုရင်တော့ ဒီလောက်ငွေကြေးပမာဏကို ကျွန်တော်တို့ သုံးစွဲသွားမှာပါ" လို့ ဟိုးနက်စ်က ပြောသွားခဲ့ပါတယ်။ ဟိုးနက်စ်အနေနဲ့ ရော်နယ်ဒိုရဲ့ အသက်အရွယ်ကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ စီးရီးအေပြိုင်ပွဲမှာ အသက်အရွယ်နဲ့ မလိုက်ဖက်အောင် ခြေစွမ်းပြနေပြီး အသင်းအတွက် သွင်းဂိုး (၁၀)ဂိုးအထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ပေးထားသလို အသင်းကိုလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်က တက်ရောက် နိုင်အောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပြီးပါပြီ။ ဒီအတွက် ဂျူဗင်တပ်စ်အတွက်တော့ ပေးချေခဲ့ရတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ရော်နယ်ဒိုဆီက ပိုင်ဆိုင်သွားခဲ့ပါတယ်။

[Zawgyi Version]

ဘုိင္ယန္ျမဴးနစ္အသင္းရဲ႕ ဥကၠဌ အူလီဟိုးနက္စ္က သူတို႔အသင္းအေနနဲ႔ ျပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေပၚတူဂီ တိုက္စစ္မွဴး ေရာ္နယ္ဒိုကို ဘာလို႔ စိတ္မ၀င္စားခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ ေပၚတူဂီအသင္းရဲ႕ ၾကယ္ပြင့္ တိုက္စစ္မွဴးဟာ ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္အသင္းကို ယူရိုသန္း၁၀၀ နဲ႔ ေျပာင္းေရႊ႕သြားခဲ့ျပီး ေျခစြမ္းျပဂိုးေတြသြင္းေနသူ ျဖစ္ပါတယ္။

Photo : 90 min

 

ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား (၄)ၾကိမ္ ဆြတ္ခူးခဲ့ျပီး (၃)ႏွစ္ဆက္တိုက္ ရယူအျပီးမွာ ဘာေနဗ်ဴးကို စြန္႔ခြာဖို႔ ေရာ္နယ္ဒိုက အားထုတ္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ ေရာ္နယ္ဒိုကို ေခၚယူဖို႔အတြက္ ကလပ္အသင္းၾကီးေတြအတြက္ အခြင့္အေရး ရွိခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္ကသာ အေလးအနက္ထား စိတ္၀င္စားခဲ့ျပီး အသက္ (၃၃)ႏွစ္အရြယ္ တိုက္စစ္မွဴးကို ယူရိုသန္း ၁၀၀အထိ ေပးေခ်ျပီး ေခၚယူသြားခဲ့ပါတယ္။

Photo : FOX Sports Asia

 

အူလီဟိုးနက္စ္က သူတို႔အေနနဲ႔ ေရာ္နယ္ဒိုကို ေခၚယူဖို႔ အခြင့္အေရးရွိခဲ့ေပမယ့္လည္း ဒီကစားသမားအတြက္ ယူရိုသန္း ၁၀၀ မသံုးစြဲခ်င္ဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။ ကစားသမားရဲ႕ အသက္အရြယ္ေၾကာင့္ မ်ားျပားတဲ့ေငြေၾကးကို အသံုးျပဳဖို႔ ဆႏၵမရွိခဲ့တာ လို႔လည္း အူလီဟိုးနက္စ္က စပိန္သတင္းဌာန AS ကို ေျပာဆိုသြားခဲ့ပါတယ္။

 

"သူ႔အသက္က (၃၃)ႏွစ္ရွိပါျပီ၊ ဒါေပမယ့္ သူ႔ရဲ႕တန္ေၾကးက ယူရိုသန္း ၁၀၀ေတာင္မွပါ၊ ဒီအတြက္ ကၽြန္ေတာ္တို႔ သူ႔ကို ေခၚယူဖို႔ စိတ္မ၀င္စားခဲ့ေတာ့ပါဘူး၊ သူ႔အသက္ (၂၄)ႏွစ္ေလာက္ဆိုရင္ေတာ့ ဒီေလာက္ေငြေၾကးပမာဏကို ကၽြန္ေတာ္တို႔ သံုးစြဲသြားမွာပါ" လို႔ ဟိုးနက္စ္က ေျပာသြားခဲ့ပါတယ္။ ဟိုးနက္စ္အေနနဲ႔ ေရာ္နယ္ဒိုရဲ႕ အသက္အရြယ္ေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ကို ေပးခဲ့တာ ျဖစ္ပါတယ္။

 

ဒါေပမယ့္လည္း ေရာ္နယ္ဒိုကေတာ့ စီးရီးေအျပိဳင္ပြဲမွာ အသက္အရြယ္နဲ႔ မလိုက္ဖက္ေအာင္ ေျခစြမ္းျပေနျပီး အသင္းအတြက္ သြင္းဂိုး (၁၀)ဂိုးအထိ သြင္းယူေပးထားျပီး ျဖစ္ပါတယ္။ ဂိုးဖန္တီးမႈ (၅)ၾကိမ္ ျပဳလုပ္ေပးထားသလို အသင္းကိုလည္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္က တက္ေရာက္ ႏို္င္ေအာင္လည္း စြမ္းေဆာင္ေပးႏိုင္ခဲ့ျပီးပါျပီ။ ဒီအတြက္ ဂ်ဴဗင္တပ္စ္အတြက္ေတာ့ ေပးေခ်ခဲ့ရတဲ့ ေငြေၾကးနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းကို ေရာ္နယ္ဒိုဆီက ပိုင္ဆိုင္သြားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs