• International Sports
    ပရီးမီးယားလိဂ်မှာ ကစားဖို့ စကားလမ်းကြောင်းစလာတဲ့ နေမာ
Kyawko Ko
[Unicode Version]

ဘာစီလိုနာအသင်းကနေ ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီကို ရောက်နေတာ ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ မန်စီးတီးအသင်းနဲ့ မန်ယူ အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့ကစားဖို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

neymar-cropped_ma6oedhrcs441czkxepjmds8b.jpg

Photo - myKhel

 

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကတော့ အကောင်းဆုံး ကစားသမားတွေက ပရီးမီးယားလိဂ်မှာ ကစားကြပါတယ်ဆိုတဲ့ စကားကို ထုတ်ဖော်ပြော လာခဲ့ပြီး အင်္ဂလန်မှာ ခြေချဖို့ စကားလမ်းကြောင်း စလာခဲ့ပါတယ်။

ရော်နယ်ဒိုလို သက်ကြီးကစားသမားအတွက် ယူရိုသန်း ၁၀၀ မသုံးချင်ဘူးလို့ ပြောလိုက်တဲ့ ဘိုင်ယန်ဥက္ကဌ 

ဒီနှစ်အစောပိုင်းက ပရီးမီးယားလိဂ် လက်ရှိချန်ပီယံမန်စီးတီးအသင်းနဲ့ မန်ယူအသင်း တစ်သင်းသင်းကို ရောက်ရှိမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လက်တွေ့မှာ တော့ ပြောင်းရွှေ့လာနိုင်ခြင်းမရှိပါဘူး။

446916C400000578-0-image-a-2_1506086823468.jpg

Photo - Getty Images

 

အသက် ၂၆ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ယူရို ၂၂၂ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့သူပါ။

"ပြိုင်ပွဲကြီးတစ်ခုပါပဲ။ကမ္ဘာပေါ်က အကောင်းဆုံး ပြိုင်ပွဲတစ်ခုလို့လဲ ဆိုနိုင်ပါတယ်။မနက်ဖြန် ဘာဖြစ်လာမလဲ သေချာမသိပါဘူး။ဒါပေမယ့် ကျွန် တော်ယုံကြည်တာကတော့ အကောင်းဆုံး ကစားသမားတွေက ပရီးမီးယားလိဂ်မှာ ကစားကြပါတယ်။မင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရ ပြီဆိုရင် သေချာပါတယ် မင်းဟာ အကောင်းဆုံးဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။" လို့ နေမာက ယူကျု ဗီဒီယိုမှာ ပြောဆိုထားခဲ့ပါတယ်။

ဒီနှစ်မှာတော့ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၅ပွဲ ကစားပေးထားရမှာ ၁၁ ဂိုးအထိ သွင်းယူထားနိုင်တဲ့ နေမာကတော့ အကောင်းဆုံး ခြေ စွမ်းတွေ ပြသထားနိုင်နေပါတယ်။

[Zawgyi Version]


Photo - myKhel

 




Photo - Getty Images

 





ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs