ရော်နယ်ဒိုကြောင့် ယူနိုက်တက်ကို ‌ရောက်လာတာလို့လည်း သိရပါတယ်။
Kyaw Ko Ko Sint

ရော်နယ်ဒိုက ဖာနန်ဒက်စ်ကို လက်ရွေးစင်အသင်းစပါတော့ နွေးထွေးစွာ ကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က သူ့အနေနဲ့ စီနီယာ ကစားသမား ရော်နယ်ဒိုကို ဥပမာထားပြီး အမြဲတမ်း ကြိုးစားနေတယ်လို့ ပြောလာခဲ့တယ်လို့ Goal.comက ဖော်ပြလာပါတယ်။

အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်အနေနဲ့ စပို့တင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာပြီး ရက်သတ္တပတ်အ နည်းငယ်ခန့်နဲ့ တစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ ၂၀၁၇ကနေ စတင်ပါဝင်နိုင်ခဲ့ပြီး ရော်နယ်ဒိုနဲ့အတူ လက်ရွေးစင်ပွဲ ၁၉ပွဲတိတိ ဆင်နွှဲထားနိုင်ပါတယ်။

“ကျွန်တော်လက်ရွေးစင်စပါတော့သူကြိုဆိုခဲ့ပါတယ်။ကျွန်တော်တို့အားလုံးရဲ့ စံပြပုဂ္ဂိုလ်ပါ၊ကျွန်တော့်အတွက် တော့ ဟိုအရင်ကတည်းက စံပြလူသားတစ်ဦးပါပဲ။သူ့ကို ဥပမာထားပြီး အမြဲကြိုးပမ်းတယ်၊သူက ကျွန်တော့်ရဲ့ အကြိုက်နှစ်သက်ဆုံးကစားသမားတွေထဲက တစ်ဦးပါ။”လို့ ဖာနန်ဒက်စ်က ပြောခဲ့တာပါ။

ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကို ပြောင်းလာပြီးနောက် ၅ ပွဲကစားရာမှာ ၂ဂိုးသွင်း ၃ဂိုးဖန်တီးနိုင်ခဲ့တာကြေင့် ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူပဲ ယူရိုပါလိဂ်မှာလည်း ဂိုးသွင်းယူနိုင်သလို ဂိုးလည်း ဖန်တီးနိုင်ပြီး အသင်းအတွက် အားကိုးရတဲ့ ကွင်းလယ်လူအဖြစ် ရှိနေပါတယ်။

ရော်နယ်ဒိုက ဖာနန်ဒက်စ်ကို စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အဓိက တိုက်တွန်းခဲ့သူလို့လည်းသိရ ပါတယ်။


က္က