အသင်းဖော်တွေနဲ့ အတူတူအောင်ပွဲခံရာမှာ စိတ်လိုလက်ရမရှိခဲ့ပါဘူး။
Pyae Phyo Thein

 နည်းပြဇီဒန်းနဲ့လည်း ပွေ့ဖက်အောင်ပွဲခံနေတဲ့ ပုံရိပ်တွေက ဝတ်ကျေတန်းကျေသာရှိနေခဲ့ကာ အခြားအသင်းဖော်တွေလိုမျိုး လှိုက်လှိုက်လှဲလှဲပျော်ရွှင်နေတာမျိုးမရှိခဲ့ပါဘူး။


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လာလီဂါအောင်ပွဲမှာတော့ ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ဟာ မဆိုင်သူတွေလိုပဲ ရှိနေခဲ့ကြပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရ ဒီကစားသမားနှစ်ဦးဟာ အသငး်သားတွေအောင်ပွဲခံနေချိန်မှာ ကင်မရာနဲ့ ဝေးတဲ့နေရာ၊ အားလုံးနဲ့ဝေးတဲ့နေရာမှာသာ ရှိနေခဲ့ပြီး အသင်းနဲ့အတူအောင်ပွဲခံမှုမရှိခဲ့ပါဘူး။

ဂါရတ်ဘေးလ်ဟာလည်း အသင်းအောင်ပွဲအတွက် လက်သီးလက်မောင်းတန်းအောင်ပွဲခံခဲ့ရာမှာ မာန်မပါခဲ့သလို ဝတ္တရားကျေသာပြုမူခဲ့ပြီးတော့ အသင်းအောင်မြင်မှုမှာ သူတို့ရဲ့ပါဝင်ပတ်သက်မှုနည်းပါးခဲ့တဲ့အပေါ် သူတို့ကိုယ်တိုင်လည်း ခံစားမိနေခဲ့ကြပါတယ်။ အထူးသဖြင့် နည်းပြဇီဒန်းနဲ့လည်း ပွေ့ဖက်အောင်ပွဲခံနေတဲ့ ပုံရိပ်တွေက ဝတ်ကျေတန်းကျေသာရှိနေခဲ့ကာ အခြားအသင်းဖော်တွေလိုမျိုး လှိုက်လှိုက်လှဲလှဲပျော်ရွှင်နေတာမျိုးမရှိခဲ့ပါဘူး။

ဘေးလ်ဟာ ဒီရာသီမှာ လာလီဂါပွဲ ၁၆ ပွဲသာကစားပေးခဲ့ရပြီး ၂ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကလည်း ၈ ပွဲသာကစားပေးခဲ့ရပြီး ၁ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်စတင်ကစားခဲ့တဲ့ပွဲတွေမှာ သူတို့နှစ်ဦးစလုံးကို ဇီဒန်းက ပွဲထွက်ခွင့်လုံးဝမပေးခဲ့သလို အရန်ကစားသမားအဖြစ် ထည့်သွင်းဖို့ကိုတောင် လက်တွန့်နေခဲ့ပါတယ်။ 

သူတို့နှစ်ယောက်စလုံးရဲ့အနာဂတ်ဟာလည်း မရေမရာဖြစ်နေပြီး အသင်းကထွက်ခွာရဖို့ နီးစပ်မှုတွေရှိနေခဲ့ပါတယ်။ မနေ့ညက အောင်ပွဲခံမှုမှာ သူတို့နှစ်ဦးဟာ တစ်သင်းလုံးနဲ့ သီးခြားဖြစ်နေတာကို မီဒီယာတွေက အမိအရရိုက်ကူးခဲ့ပြီးတော့ ဖော်ပြခဲ့ကြရာမှာ အောင်ပွဲခံဖို့အတွက်တောင် သူတို့နှစ်ဦးစလုံးက မဝံ့မရဲဖြစ်နေခဲ့ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ 



Author


က္က