ချန်ပီယံလိဂ်ရဲ့ နောက်ထပ် ပွဲကောင်းတစ်ပွဲကဖြစ်တဲ့ ပေါ်တို နဲ့ ရိုးမားတို့ရဲ့ ပွဲကိုလည်း ကစားသွားဦးမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ရိုးမားက အိမ်ကွင်းမှာ (၂-၁) နဲ့သာ အနိုင်ရရှိထားတာမို့ နှစ်သင်းစလုံးအတွက်တော့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီးတော့လည်း ပွဲကြိုအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
နှစ်ဖက်အသင်း ဒဏ်ရာရ/ပွဲပယ်သတင်း
- ဒီနှစ်ချန်ပီယံလိဂ်မှာ (၅)ဂိုးသွင်းထားတဲ့ မူဆာမာရီဂါကတော့ ပေါင်ဒဏ်ရာကနေ မျှော်လင့်ထားတာထက် ပိုစောပြီး သက်သာလာလို့ ပေါ်တိုအတွက် ပါဝင်ကစားပေးနိုင်တော့မှာပါ။
- ပေါ်တိုတိုက်စစ်မှူး ဗင်းဆင့်အဘူဘာကာကတော့ ဒဏ်ရာခွဲစိတ်ကုသခံထားရလို့ အနားယူနေရဆဲဖြစ်ပြီး အန်ဒရီယန်လိုပက်ဇ်ကတော့ ပြန်လည်ကစားနိုင်ပြီ ဖြစ်ပါတယ်။
- ရိုးမားအသင်းမှာလည်း ခြေကျင်းဝတ်ဒဏ်ရာရထားတဲ့ မာနိုလက်စ် ပြန်လည်သက်သာလာပြီလို့သိရပါတယ်။
- လူငယ်တိုက်စစ်မှူး အန်ဒါကတော့ ပေါင်ဒဏ်ရာကြောင့် ဇန်နဝါရီလကတည်းကနေ အနားယူနေရဆဲဖြစ်ပါတယ်။
- ပထမအကျော့မှာ ပေါ်တိုကိုနှစ်ဂိုးသွင်းခဲ့တဲ့ ဆယ်ကျော်သက်တိုက်စစ်မှူး ဇာနီအိုလိုကတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီလို့ သိရပါတယ်။
အချက်အလက်မှတ်တမ်းများ
- ပထမအကျော့မှာ ရိုးမားက ဂိုးကန်သွင်းချက် (၉)ကြိမ်အထိ တည့်မတ်ခဲ့ပြီး ဒါဟာ ပေါ်တိုအတွက်တော့ ၂၀၁၅ ခုနှစ်က ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဂိုးပေါက်တည့်မှု (၁၀)ကြိမ် ခွင့်ပြုခဲ့ရပြီးနောက် အများဆုံးပြန်လည်ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
- ပထမအကျော့မှာ ရိုးမားအတွက် (၂)ဂိုးသွင်းပေးခဲ့တဲ့ ဇာနီအိုလိုကတော့ ပြိုင်ပွဲသမိုင်းမှာ ဒုတိယမြောက်အသက်အငယ်ဆုံးအဖြစ် နှစ်ဂိုးသွင်းယူသူ ဖြစ်လာခဲ့ပါတယ်။ အသက် (၁၉)နှစ်နဲ့ (၂၂၅)ရက်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသက်အငယ်ဆုံးစံချိန်တင်ထားသူကတော့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီဖြစ်ပြီး မိုနာကိုအသင်းအတွက် ကစားပေးခဲ့စဉ်က အသက် (၁၈)နှစ်နဲ့ (၁၁၃)ရက်မှာ သွင်းယူခဲ့တာပါ။
- ဥရောပပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်မှာ ပေါ်တိုအနေနဲ့ ပထမအကျော့ကို အရေးနိမ့်ခဲ့ပြီးရင် နောက်တစ်ဆင့်ကို မတက်ရောက်နိုင်ခဲ့တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့တာ (၃၃) နှစ်ရှိခဲ့ပါပြီ။
- ပထမအကျော့က ကစားခဲ့တဲ့ ရိုးမားအသင်းလူစာရင်းမှာ အီတလီကစားသမား (၇)ဦးအထိ ပါ၉င်ခဲ့ပြီး ဒါဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အီတလီကစားသမားတွေ အများဆုံးပါဝင်ခဲ့တဲ့ ပွဲဖြစ်လာခဲ့ပါတယ်။
- ရိုးမားတိုက်စစ်မှူး ဂျက်ကိုကတော့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ (၁၁)ပွဲမှာ (၁၄)ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပါတယ်။ (၁၀)ဂိုးသွင်းယူကာ (၄)ကြိမ်ဂိုးဖန်တီးပေးထားတာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
ချာလီရဲ့ ခန့်မှန်းချက်
- ဒုတိယအကျော့က ပိုပြီးအကြိတ်အနယ်ရှိလာမှာပါ။ ပိုကြည့်ကောင်းမယ့်ပွဲလည်း ဖြစ်ပါတယ်။ ရိုးမားအနေနဲ့ သရေကစားရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာပါ၊ ဒါပေမယ့်လည်း သူတို့အနေနဲ့ အနိုင်ယူပြီး တက်ရောက်သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဂျက်ကိုက
ပထမအကျော့မှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် နီကိုလိုဇာနီအိုလိုက နှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်၊ ရိုးမားအနေနဲ့ ပေါ်တိုကို အနိုင်ယူပြီး နောက်တဆင့်တက်သွားလည်း ကျွန်တော် မအံ့သြပါဘူး။ ပေါ်တို ဝ-၁ ရိုးမားပါ။