ပထမဆုံး ပြန်ပါဝင်ကစားတဲ့ပွဲမှာပဲ အရှုံးနဲ့ စတင်ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြီးကတည်းက အာဂျင်တီးနား လက်ရွေးစင်အဖြစ်ကနေ ခေတ္တအနားယူထားတဲ့ မက်ဆီက တော့ အခုတစ်ကျော့ပြန်လာချိန်မှာလည်း အာဂျင်တီးနားအသင်းကို တစ်ပွဲတည်းနဲ့ ချွေးသိပ်ခဲ့သလို ဖြစ်ခဲ့ရပါ တယ်။

ဗင်နီဇွဲလားအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲအပြီးမှာပဲ မက်ဆီအနေနဲ့ နောက်ထပ် အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတစ်ပွဲကို ဆက်လက် ပါဝင်ကစားတော့မှာမဟုတ်ဘူးလို့ မိခင်ကလပ် ဘာစီလိုနာအသင်းက အတည်ပြုလိုက်ကြောင်း Daily Mail သတင်းက ဖော်ပြပါတယ်။



မက်ဆီအနေနဲ့ ဒီကနေ့ မနက်က ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာအ ာဂျင်တီးနားအတွက် အသင်းအခေါင်းဆောင်အဖြစ် မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပေမယ့်လည်း အသင်းကတော့ ရှုံးနိမ့်ခဲ့ရတာပါ။

ဒါ့အပြင် မက်ဆီဟာ တင်ပါးဆုံရိုးဒဏ်ရာ ရရှိခဲ့တယ်လို့သိရပြီး ဘာစီလိုနာကို ပြန်လည် အနားယူမယ်လို့ အသင်းက သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

“မက်ဆီအနေနဲ့ နိုင်ငံတကာပြိုင်ပွဲကို ပြန်သွားတော့မှာ မဟုတ်ပါဘူး၊ အကြောင်းကတော့ တင်ပါးဆုံရိုး ဒဏ်ရာရခဲ့တာကြောင့် လာမယ့် မော်ရိုကိုအသင်းနဲ့ ခြေစမ်းကစားမယ့် အာဂျင်တီးနားအသင်းပွဲစဉ်ကို ပါဝင်တော့မှာ မဟုတ်ဘူး” လို့ ဘာစီလိုနာက တရားဝင် ထုတ်ပြန်ခဲ့ကြောင်း Daily Mail ကဖော်ပြထားပါတယ်။

မက်ဆီက အာဂျင်တီးနားမှာ ပြန်လည်ပါဝင်လာမှုဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်က ထွက်လာရကတည်းက ပထမဆုံးအကြိမ် နိုင်ငံအတွက် ပြန်ကစားပေးတာလည်း ဖြစ်ပါတယ်။

မက်ဆီရဲ့ ဘာစီလိုနာအသင်းကတော့ မတ်လ ၃၀ ရက်နေ့မှာ အက်စ်ပန်ညို၊ ဧပြီ ၃ ရက်နေ့မှာ ဗီလာရီးရဲ၊ ဧပြီ ၇ ရက်နေ့မှာ အက်သလက်တီကိုအသင်းတို့နဲ့ လာလီဂါ ၃ ပွဲဆက်ကစားရမှာဖြစ်ပြီး ထိုပွဲစဉ်များအပြီးမှာတော့ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဆက်လက် ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က