ကာတာအသင်းကို မဖြစ်မနေအနိုင်ကစားရမယ်ဆိုတဲ့ဖိအားတွေ ဝင်ခဲ့တာပါ။

အာဂျင်တီးနားနည်းပြ စကာလိုနီဟာ ယမန်နေ့ညက ကာတာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ကိုပါအမေရိကကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ ၎င်းရဲ့ကစားသမားတွေ ဖိအားခံစားနေရတာကို ကြည့်ရင်း စစ်ပွဲထဲရောက်နေသလို ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ မာတီနက်ဇ်နဲ့ အဂူရိုတို့ရဲ့သွင်းဂိုးတွေကြောင့် ကိုပါအမေရိကပြိုင်ပွဲကို အုပ်စုအဆင့်ကနေ နှုတ်ဆက်လှည့်ပြန်ရမယ့်အရေးကနေ ပွတ်ကာသီကာ ရှောင်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။



ကိုပါအမေရိကပြိုင်ပွဲမှာ အခက်အခဲတွေနဲ့ စတင်ခဲ့ရပြီးနောက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ရရှိခဲ့တာဖြစ်တယ်လို့ နည်းပြ စကာလိုနီက ပြောကြားခဲ့ပြီး အာဂျင်တီးနားအသင်းဟာ အုပ်စု A ဒုတိယနေရာနဲ့ ကွာတားတက်ခဲ့တဲ့ ဗင်နီဇွဲလားအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ့်အရာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ကျေနပ်မှုရခဲ့ပါတယ်”

“ယုံကြည်ချက် ရရှိဖို့အတွက် ဒီလိုပွဲစဉ်မျိုးကို ကျွန်တော်တို့ လိုအပ်ပါတယ်”

“အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အကြောက်တရားကင်းကင်းနဲ့ကစားနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့အခြားပုံစံမျိုးနဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ရင်ဆိုင်ရာမှာလည်း အချို့အရာတွေကို လိုသလိုချိန်ညှိသွားရပါလိမ့်မယ်”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားနည်းပြစကာလိုနီဟာ ကိုလံဘီယာကို ရှုံးနိမ့်ပြီး ပါရာဂွေးအသင်းနဲ့ သရေကျခဲ့တာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေသူဖြစ်ပြီး စကာလိုနီက ၎င်းရဲ့အကြောင်းထက် လက်ရွေးစင်အသင်းအကြောင်းကိုသာ အမြဲတမ်းစဉ်းစားကြောင်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က