နည်းပြစကာလိုနီက ပြောသွားခဲ့တာပါ။

ချီလီ၊ မက္ကဆီကို၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ပွဲတွေကို မက်ဆီကလွဲချော်ခဲ့ပြီးဖြစ်သလို တနင်္ဂနွေနေ့မှာကစားမယ့် အီကွေဒေါနဲ့ပွဲစဉ်မှာလည်း မက်ဆီပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။


အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးလိမ့်မယ်လို့ နည်းပြစကာလိုနီက ပြောဆိုသွားခဲ့ပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးတွေကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့လု့ိ ပွဲပယ်ခံထားရတဲ့ မက်ဆီအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကကင်းလွတ်ချိန်မှာ ပြန်ကစားပေးမှာဖြစ်တယ်လို့ စကာလိုနီက ပြောဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီကတော့ ၃ ပွဲပယ်ခံခဲ့ရတာဖြစ်ပြီး ကိုပါပြိုင်ပွဲပြီးကတည်းက လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ချီလီ၊ မက္ကဆီကို၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ပွဲတွေကို မက်ဆီကလွဲချော်ခဲ့ပြီးဖြစ်သလို တနင်္ဂနွေနေ့မှာကစားမယ့် အီကွေဒေါနဲ့ပွဲစဉ်မှာလည်း မက်ဆီပါဝင်နိုင်မှာမဟုတ်ဘဲ နောက်လမှသာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။

"ပွဲပယ်ခံထားရတဲ့အချိန်တွေမှာ သူ ဒီမှာရှိမနေခဲ့ပါဘူး၊ အဂူရိုလည်း ရှိမနေပါဘူး၊ ဘာလို့လဲဆိုတော့ သူ့မှာ ပြသနာအနည်းငယ်ရှိနေပြီး လေ့ကျင့်ရေးကွင်းမှာ ရာနှုန်းပြည့်မလုပ်နိုင်ခဲ့လို့ပါ၊ သူတို့နှစ်ဦးစလုံး နောက်လမှ ပါဝင်နိုင်မှာပါ၊ အဲဒါကတော့ သေချာပါတယ်" လို့ စကာလိုနီက ပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။


အာဂျင်တီးနားကတော့ ဂျာမနီနဲ့ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီသရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အီကွေဒေါနဲ့ကစားရမယ့် ခြေစမ်းပွဲမှာ အာဂျင်တီးနားတိုက်စစ်ပိုင်းကို လော်တာရိုမာတီနက်ဇ်က ဦးဆောင်မယ်လို့ သိရပြီး အိုကမ်ပို့စ်၊ ဒီပေါလ်၊ ပါရီဒက်စ်တို့လည်းပါဝင်မယ်လို့ သိရပြီး ဒီမာရီယာ၊ အဂူရိုနဲ့ မက်ဆီတို့ ထပ်မံလွဲချော်နေဦးမှာဖြစ်ပါတယ်။



က္က