လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ သူ့ရဲ့နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ယူရိုငွေငါးသိန်းအထိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မက်ဆီဟာ လိုအပ်တဲ့ ဆေးရုံသုံးပစ္စည်းတွေနဲ့ အထောက်အကူပြုပစ္စည်းတွေ ဝယ်ယူဖို့ လှူဒါန်းခဲ့တာဖြစ်ပြီး အသက်ရှူစက်၊ ကာကွယ်ရေးဝတ်စုံတွေ ဝယ်ယူသွားဖို့ဖြစ်တယ်လို့ သိရပါတယ်။ 

TyC Sports ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ Garrahan ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တာဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းက လိုအပ်နေတဲ့ ဆေးရုံတွေကို ဆေးပစ္စည်းတွေပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဧပြီလအတွင်းကလည်း မက်ဆီဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သူရဲကောင်းတွေလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်းမှာလည်း လစာလျှော့ယူဖို့အတွက် ဘာစီလိုနာနဲ့ သဘောတူညီထားခဲ့သူဖြစ်ပါတယ်။ ဒီလှူဒါန်းမှုဟာ မက်ဆီအတွက် ဒုတိယအကြိမ်မြောက်လှူဒါန်းမှုလို့ သိရပြီး အာဂျင်တီးနားမှာတော့ ရောဂါကူးစက်သူပေါင်းခြောက်ထောင်ကျော်ရှိကာ သေဆုံးသူ ၃၁၄ ဦးအထိ ရှိတယ်လို့ အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

"ယူနီဆက်ဖ်နဲ့အတူ သူတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အလုပ်တွေအတွက် ကျွန်တော်အလေးအနက်ထားကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ပေးမယ်ဆိုတဲ့ ကတိကဝတ်အတွက်လည်း ကျေးဇူးတင်မိပါတယ်" လို့ မက်ဆီက သူ့ရဲ့အင်စတာဂရမ်ကတဆင့် ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။




က္က