အမုန်းဆုံး နာမည်ကိုလည်း ရေးထိုးခြင်းခံရပါသေးတယ်။

မန်စီးတီးအသင်းရဲ့ ဂျာစီမှာ အမုန်းဆုံး နာမည်ပြောင်ဖြစ်တဲ့ DAVEကို ရေးထိုးခံရပြီး ဓာတ်ပုံ အရိုက်ခံခဲ့ရ တာ ဖြစ်ပါတယ်။

ဇနီးသည် ဗစ်တိုးရီးယား ဘက်ခမ်းက ဒေးဗစ်ရဲ့ နာမည်ကို ရိုက်နှိပ်ထားတဲ့ မန်စီးတီးအသင်းရဲ့ ဂျာစီကို မမျှော်လင့်ပဲ ပေးခဲ့တာကြောင့် ဒေးဗစ်ဘက်ခမ်းတစ်ယောက် စိတ်ပျက်နေရတယ်လို့ Daily Mailက ဖော်ပြ လာပါတယ်။



ဒေးဗစ် ဘက်ခမ်းဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ဦးဖြစ်တာကြောင့် အခုလို မြို့ခံပြိုင်ဖက်အ သင်းရဲ့ ဂျာစီကို ကိုမြှောက်ဖိုု့ဆိုတာ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အရာလည်း ဖြစ်ပါတယ်။


ဒါပေမယ့်လည်း ဇနီးသည် ဗစ်တိုးရီးယားက ဂျာစီမှာ ဒေးဗစ်ရဲ့ အမည်အတိုကောက်ဖြစ်တဲ့ “DAVE” ဆိုတဲ့စာ သားကို ရေးထိုးထားပြီး ဒေးဗစ်ကို ဂျာစီနဲ့အတူ ဓာတ်ပုံအရိုက်ခံစေခဲ့တာပါ။

ဒီပုံကို အင်စတာဂရမ်က စတိုရီမှာတင်ခဲ့တာလို့သိရပြီး အခုလို ဓာတ်ပုံရိုက်ချိန်မှာတော့ ဒေးဗစ်တစ်ယောက် အတော်လေးကို မသက်မသာ ခံစားနေရတယ်ဆိုတာမျက်နှာမှာ ပေါ်လွင်စေပါတယ်။

ဒီပို့စ်ကို တင်ပြီးတော့လည်း အသက် ၄၅ နှစ်အရွယ်ဒီဇိုင်နာ ဗစ်တိုးရီးယားဟာ သားဖြစ်သူ ရိုမီယိုနဲ့ သတင်း တင်ဆက်သူ ဖြစ်တဲ့ ဂျိမ်းကော်ဒန်တို့ကို Tagတွဲခဲ့သေးတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံနဲ့အတူ မန်စီးတီး ဂျာစီနဲ့ အရမ်းမိုက်နေတဲ့ DAVEလို့ ရေးသားဖော်ပြထားခဲ့ပါသေးတယ်။ အဆိုးဆုံးက တော့ ဒေးဗစ်ဟာ DAVE ဆိုတဲ့အမည်ပြောင်ကို အရမ်းမုန်းတယ်လို့ သိရတာပါ။

မည်သို့ပင်ဆိုစေကာမူ အမုန်းဆုံး နာမည်ကို အခါးသီးဆုံး မြို့ခံပြိုင်ဖက်အသင်းရဲ့ ဂျာစီမှာ ရေးထိုးခြင်း ခံရသလို ဓာတ်ပုံရိုက်ပြီးတော့လည်း ဆိုရှယ်မီဒီယာပေါ် အတင်ခံရတဲ့ ဒေးဗစ်တစ်ယောက် ဇနီးသည် ခိုင်းသမျှ ကြည်ဖြူစွာပဲ လုပ်ဆောင်ပေးခဲ့တာကတော့ ဇနီးသည်အပေါ် ဘယ်လောက်ချစ်လဲဆိုတာ ပေါ်လွင်စေပါတယ်။

ဒေးဗစ်ဘက်ခမ်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၀၃ မှာတော့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့သူပါ။

ပြီးခဲ့တဲ့ လတုန်းကတော့ မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းကို အံ့အားသင့်ဖွယ်ပြန်လည်ရောက်ရှိ လာခဲ့ပါ သေးတယ်။

အဲ့ဒါကတော့ ၁၉၉၉ ခုနှစ် တုန်းက ချန်ပီယံလိဂ် ဆုဖလားရခဲ့စဉ်က အသင်းသားတွေ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ချစ်ကြည်ရေး ရန်ပုံငွေပွဲပြန်လာကစားခဲ့ကြတာပါ။


ဆက်စပ်အကြောင်းအရာများ



က္က