ဂိုးမရှိသရေကျခဲ့တာပါ။

တရုတ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ နောက်ဆုံး အနိုင်ရထားတဲ့အသင်းက အင်ဒိုနီးရှား အသင်းဖြစ်ပြီး ၁၉၅၇ ခုနှစ်က ခြေစစ်ပွဲမှာ ၂-၀ နဲ့ အနိုင်ယူထားတာပါ။

တရုတ်လက်ရွေးစင်အသင်းကို အိမ်ကွင်းမှာ ဂိုးမရှိသရေကျအောင် ကစားနိုင်ခဲ့တဲ့ ဖိလစ်ပိုင်လက်ရွေးစင်အ သင်းကတော့ ၆၂ နှစ်အတွင်း အာဆီယံအသင်းတစ်သင်းအဖြစ် တရုတ်အသင်းထံက အမှတ်ခွဲယူနိုင်ခဲ့တဲ့ ပထမဆုံး အသင်းဖြစ်လာခဲ့တယ်လို့ Fox Sports Asia သတင်းဌာနက ဖော်ပြလာပါတယ်။





၁၈၅၇ ခုနှစ်က ကစားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ တရုတ်အသင်းတို့ရဲ့ ၁၉၅၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအဆင့်မှာ အင်ဒိုနီးရှားအသင်းက တရုတ်အသင်းကို ၂-၀ နဲ့ အနိုင်ယူထားပြီးနောက်ပိုင်း ၆၂ နှစ်အတွင်း တရုတ်အ သင်းထံက ဘယ်အာဆီယံအသင်းကမှ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်တွေမှာ အမှတ်မခွဲယူနိုင်တော့ တာဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲဒုတိယအဆင့်ကို ယှဉ်ပြိုင်ကစားနေတာဖြစ်ပြီး အုပ်စုတွင်းအဖွင့်ပွဲမှာ ဆီးရီးယားကို ၅-၂ နဲ့ ရှုံးထားပေမယ့် ဒုတိယပွဲမှာတော့ ဂူအမ်အသင်းကို ၄-၁ နဲ့ အနိုင်ရထားကာ ယခု တတိယပွဲမှာတော့ တရုတ်အသင်းကို ဝ-၀ သရေကစားထားတာပါ။

ဖိလစ်ပိုင်အသင်းအနေနဲ့ ရမှတ် ၄မှတ်နဲ့အတူ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး တရုတ်အသင်းက ရမှတ် ၇ မှတ်နဲ့ အဆင့် ၂ ဆီးရီးယားအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ဖိလစ်ပိုင်အသင်းအနေနဲ့ လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ မော်လ်ဒိုက်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး အဲ့နောက် ၁၉ ရက်နေ့မှာ ဆီးရီးယားအသင်းနဲ့ ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ



က္က