အာရှမှာ ဒုတိယအကြိမ် ကျင်းပမှာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့အတူ အာဆီယံဒေသတွင်းက ထိုင်းနဲ့ မြန်မာအသင်းတို့လည်း အဆိုပြုခဲ့ပေမယ့် အင်ဒိုနီးရှားကို ပိုမိုပံံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြန်လည်နှုတ်ထွက်ခဲ့တာလို့ သိရပါတယ်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ လာမယ့် ၂၀၂၁ အမျိုးသား ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီလို့ သိရပါတယ်။

ဒီကြေညာချက်ကိုတော့ ပြီးခဲ့တဲ့ ရှန်ဟိုင်းမှာကျင်းပခဲ့တဲ့ ဖီဖာကောင်စီမှာ ကြေညာခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားအနေနဲ့ ဘရာဇီး၊ပီရူးးတို့ကိုကျော်လွန်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားအနေနဲ့ အာဆီယံသေတွင်းက ၃နိုင်ငံမြောက် အဆိုပြုတဲ့နိုင်ငံဖြစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကို ပိုမို အထောက်အပံ့ဖြစ်စေရန် ထိုင်းနဲ့မြန်မာတို့က ပြန်လည်နှုတ် ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

“ အရိုးရှင်းဆုံးပြောရရင်တော့ ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်က အင်မတန်ပျော်ရပါတယ်။” လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနဲ့အာဆီယံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဒတ်စတီရာကပြောခဲ့ပါတယ်။

၂၀၂၁ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်အတွက် မူလက ၈ နိုင်ငံအထိ အဆိုတင်ခဲ့ပေမယ့် နောက်ဆုံး ဆန်ခါတင် အဆင့်မှာတော့ အင်ဒိုနီးရှား၊ဘရာဇီးနဲ့ပီရူးနိုင်ငံတို့သာ ကျန်တော့တာ ဖြစ်ပါတယ်။



အခုလို အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့ဖလားအဆင့် ပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရလာတာ အာဆီယံ ဒေသအနေနဲ့ ကြည့်ရင် ပထမဆုံး လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားပွဲဖြစ်လာသလို အာရှတိုက်အတွင်း ဒုတိယအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။

ယခင်က ယူ-၂၀ ကမ္ဘာ့ဖလားလို့ အမည်မတွင်သေးပဲ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲလို့ အမည်သတ်မှတ်ကျင်းပစဉ်ကတော့ ၁၉၉၇ ခုနှစ်မှာ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။

ယူ-၂၀ ကမ္ဘာ့ဖလားကို အမည်ပြောင်းကျင်းပလာတာ ၂၀၀၇ ခုနှစ်က ဖြစ်ပြီး ကျင်းပလာတဲ့ ၇ ကြိမ်ဆက်မှာ မတူညီတဲ့ နိုင်ငံ ၇ နိုင်ငံက ချန်ပီယံတွေဖြစ်ထားတာာကတော့ ထူးခြားချက်တစ်ခုပါ။



က္က