အသင်းသားတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိဘူးလို့ ကြေညာခဲ့တာပါ။
Pyae Phyo Thein

ဒီတစ်ပတ်မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်အဖြစ် အိုလံပီယာကော့စ်က အိမ်ကွင်းမှာ ဝုလ်ဗ်ကို လက်ခံကစားရမှာဖြစ်ပြီး ဝုလ်ဗ်အသင်းက ပွဲကိုရွှေ့ဆိုင်းဖို့လည်း တောင်းဆိုထားခဲ့ပါတယ်။


ဂရိကလပ်အိုလံပီယာကော့စ်အသင်းက သူတို့အသင်းရဲ့ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားမှုမရှိဘူးလို့ တရားဝင်ကြေညာလိုက်ပါတယ်။ အသင်းပိုင်ရှင်ဆီမှာ ကိုရိုနာဗိုင်းစ်ရပ်ကူးစက်ခံရမှုကြောင့် အသင်းသားတွေဆီကိုပါ ကူးစက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမြင့်တက်လာခဲ့ပြီး ဆေးစစ်မှုပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ် နဲ့ အိုလံပီယာကော့စ်အသင်းတို့ကို ပိုင်ဆိုင်ထားတဲ့ မာရင်နာကစ်ဟာ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ်ပွဲကစားခဲ့တဲ့ အာဆင်နယ်အသင်းကပါ စိုးရိမ်ထိတ်လန့်ခဲ့ပြီး ဒီနေ့ညကစားရမယ့် မန်စီးတီးနဲ့ပွဲကိုပါ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒီတစ်ပတ်မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်အဖြစ် အိုလံပီယာကော့စ်က အိမ်ကွင်းမှာ ဝုလ်ဗ်ကို လက်ခံကစားရမှာဖြစ်ပြီး ဝုလ်ဗ်အသင်းက ပွဲကိုရွှေ့ဆိုင်းဖို့လည်း တောင်းဆိုထားခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ COVID19 က ကစားသမားတွေဆီမှာ လုံးဝကူးစက်ခံထားရခြင်းမရှိဘူးလို့ ဂရိကလပ်အသင်းဘက်က တရားဝင်အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။


"အသင်းဝန်ထမ်းတွေနဲ့ ကစားသမားအားလုံးကို ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်၊ ဘုတ်အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တာပါ၊ အားလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိဘူးလို့ အသိပေးချင်ပါတယ်" လို့ အိုလံပီယာကော့စ်အသင်းက တရားဝင်ရေးသားဖော်ပြခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဝုလ်ဗ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခြင်းမရှိဘဲ မူလသတ်မှတ်ထားတဲ့အတိုင်းသာ ကစားစေဖွယ်ရှိနေပါတယ်။


က္က