သီယာဂိုဆေးဗားလ်နဲ့ နေမာတို့နှစ်ဦးလုံး ဘရာဇီးကို ပြန်သွားခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်းအနေနဲ့ ပြင်သစ်နိုင်ငံအတွင်း ကူးစက်မှုနှုန်းမြင့်တက်နေဆဲဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြောင့် အသင်းသားအများစုကို နေရပ်သို့ အသီးသီးပြန်လည်စေလွှတ်ခဲ့တာ လည်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံမှုနှုန်းမြင့်တက်လာခဲ့ခြင်းကြောင့် မွေးရပ်မြေသို့အရေးပေါ်ပြန်ခဲ့ရ တဲ့ ပီအက်စ်ဂျီအသင်းနောက်ခံလူသီယာဂိုဆေးဗားလ်က အန္တရာယ်အရှိဆုံးအခြေအနေကို ရင်ဆိုင်ခဲ့ရကြောင်း၊ အသင်းသားအားလုံး၊ နီးစပ်သူအားလုံး ဘဝတစ်ခုပျက်စီးခဲ့သလိုမျိုးအထိ ကြောက်လန့်ခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့မှုကို goal.com က ဖော်ပြလာခဲ့ပါတယ်။



ပီအက်စ်ဂျီအသင်းအနေနဲ့ အစိုးရကထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ချက်များကြောင့် ကစားသ မားအများစုကို နေအိမ်ကနေအပြင်မထွက်ကြဖို့ ပြင်းပြင်းထန်ထန်တားမြစ်ခဲ့သလို ပြည်ပကစားသမားတွေကို လည်း နေရပ်သို့ ယမန်နေ့ကစပြီး ပြန်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။



“ တကယ်ကိုထိတ်လန့်စရာအကောင်းဆုံးအခြေအနေပါ။ မွေးရပ်မြေကို ပြန်ဖို့ရွေးချယ်ခဲ့ရတာလည်း ကိုယ်ပိုင် ဆုံးဖြတ်ကြောင့်လို့ပြောလို့ရပါတယ်။ လက်ရှိအချိန်မှာ စောင့်ကြည့်ခံအဖြစ် နေရဦးမှာပါ။ သေချာတာတစ်ခုက တော့ အသင်းတာဝန်ရှိသူတွေရော၊ ဥက္ကဋ္ဌ၊ ပိုင်ရှင် အားလုံးအားလုံးသောသူတွေ စိုးရိမ်ကြောက်လန်ခဲ့ရတာပါ” လို့ သီယာဂိုဆေးဗားလ်က ဆိုခဲ့တာပါ။

ပြင်သစ်လီဂူးတာဝန်ရှိသူတွေအနေနဲ့ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူများစတင်တွေ့ရှိခဲ့ကတည်းက ပွဲစဉ်အ များစုကို ကွင်းပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ အခြေအနေကြောင့် ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ယနေ့ညနေနောက်ဆုံးအခြေအနေများအရ ပြင်သစ်နိုင်ငံအတွင်း ရောဂါကူးစက်ခံရမှုနှုန်းမြင့်တက်နေမှုကို ထိန်း ချုပ်နို်င်ဖို့အတွက် အားထုတ်နေရဆဲဖြစ်ပြီး ပြည်တွင်းအားကစားပွဲစဉ်အားလုံး ဧပြီလကုန်ပိုင်းရောက်မှသာပြန် လည်ကျင်းပနိုင်ဖွယ်ရှိနေတယ်လို့လည်း သုံးသပ်ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က