နာပိုလီရဲ့ ယခုနွေရာသီအဓိကပစ်မှတ်ကို အာဆင်နယ်က ခေါ်ယူသွားခဲ့တာပါ။

စီးရီးအေ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ နာပိုလီဟာ အာဆင်နယ်အသင်းရဲ့ယခုနွေရာသီ အဓိကပစ်မှတ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နာပိုလီအသင်းဟာ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့သိရပြီး အာဆင်နယ်က ဇာဟာကို ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ ဇာဟာကို မခေါ်ယူနိုင်ခဲ့တာကြောင့် လိုင်လီကြယ်ပွင့် နီကိုးလတ်စ်ပီပီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ BBC Sport ဖော်ပြပါတယ်။



နာပိုလီအသင်းဟာ နီကိုးလတ်စ်ပီပီကို ခေါ်ယူဖို့ ယခုနွေရာသီမှာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး အာဆင်နယ်အသင်းက နီကိုးလတ်စ်ပီပီကို ကြားဖြတ်ခေါ်ယူသွားတာကြောင့် မပျော်မရွှင်ဖြစ်နေပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ ဇာဟာဟာ အင်္ဂလန်ပြင်ပမှာ ထွက်ကစားလိုနေတယ်လို့ သိရပြီး နာပိုလီအသင်းကလည်း နီကိုးလတ်စ်ပီပီရဲ့အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းဖော် ဇာဟာကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဇာဟာကို ယခုနွေရာသီအစောပိုင်းမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ခရစ်စတယ်ပဲလေ့စ်အသင်းက ဇာဟာရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်ခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က