ပေါင်သန်း ၄၀ အထိ ပေးချေရဖွယ်ရှိနေတာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် လူးကပ်စ်တော်ရဲရားကို ယခုနွေရာသီ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပြီး ဖရန့်ခ်ကတ်ဆီကိုပါ အလိုက်ပေးသွားမယ်လို့ Tuttosport ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဥရုဂွေးလက်ရွေးစင်ကွင်းလယ်ကစားသမား တော်ရဲရားဟာ ပြီးခဲ့တဲ့နှစ်ကမှ အာဆင်နယ်အသင်းကို ဆမ်ဒိုးရီးယားအသင်းကနေ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အင်္ဂလန်မှာ အခြေချဖို့ ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားခဲ့သူဖြစ်ပါတယ်။



တော်ရဲရားရဲ့ ဆရာဟောင်းဖြစ်တဲ့ ဆမ်ဒိုးရီးယားနည်းပြ မာကိုဂျီယန်ပါအိုလိုဟာ အေစီမီလန်နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် တော်ရဲရားကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဆန်စီရိုကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Gazzetta dello Sport ရဲ့သတင်းအရ အာဆင်နယ်အသင်းဟာ တော်ရဲရားကို ရောင်းချမယ့်ကစားသမားမဟုတ်ကြောင်း ပြောကြားခဲ့ပေမယ့် အေစီမီလန်အသင်းက တော်ရဲရားရဲ့အေးဂျင့်နဲ့ သဘောတူညီမှု ရနိုင်ခြေရှိ၊ မရှိ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းရဲ့ အပြောင်းအရွှေ့ကြိုးပမ်းမှုဟာ တော်ရဲရားရဲ့ချစ်သူ ဗစ်တိုးရီးယားရီပက်တိုက လန်ဒန်မှာ နေထိုင်ရတဲ့ဘဝကို မပျော်ရွှင်ကြောင်းနဲ့ အီတလီကို ပြန်လိုကြောင်း ပြောကြားမှုကြောင့် ပိုမိုဖြစ်နိုင်ခြေမြင့်တက်လာခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းဟာ တော်ရဲရားအတွက် အာဆင်နယ်အသင်းကို ပေါင်သန်း ၄၀ အထိ ပေးချေရဖွယ်ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က