အာတီတာကိုလည်း အား‌ပေး စကားဆိုခဲ့ပါတယ်။
Kyaw Ko Ko Sint

၆ နှစ်ကြာ ကစားခဲ့ပေမယ့် ၃ နှစ်လောက်က ဒဏ်ရာတွေနဲ့ နပန်းလုံးနေရလို့ တာဝန်မကျေခဲ့ဘူးလို့ ကာဇိုလာက ပြောခဲ့ပါသေးတယ်။

အာဆင်နယ် အသင်းရဲ့ ကွင်းလယ်မှာ မှော်ဆရာတစ်ဦးအလား အလိမ်အခေါက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့ ဖူးတဲ့ စပိန်လက်ရွေးစင် ကာဇိုလာက သူ့ဘဝမှာ အာဆင်နယ်နဲ့အတူ တစ်ကြိမ်တစ်ခါလောက် ပြန် ကစားခွင့်ရချင် သေးတယ်လို့ Goa.com နဲ့ တွေ့ဆုံခဲ့ရာမှာ ပြောသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၃၅ နှစ်ရှိပြီ ဖြစ်တဲ့ ကာဇိုလာက အာဆင်နယ်အတွက် ၆ နှစ်တာ ကာလမှာပွဲပေါင်း ၁၈၀ ကျော် ကစားခဲ့ပေမယ့် တာဝန်ကျေတယ်လို့ မခံစားရဘူးလို့လည်း ဆိုလာပါတယ်။



သူ့ရဲ့ နောက်ဆုံး ၃ နှစ်လောက်က ဒဏ်ရာတွေနဲ့ နပန်းလုံးခဲ့ရပြီး နောက်ဆုံး ၂ နှစ်ဆိုရင် လုံးဝ မကစားခဲ့ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ရတာပါ။

“ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာတော့ ကျွန်တော်မသိပေမယ့် ကျွန်တော် ဘောလုံးလောကက အနားမယူ ခင် အာဆင်နယ်မှာတစ်ကြိမ်လောက်တော့ ပြန်ကစားခွင့်ရချင်ပါသေးတယ်။ဒါက ကျွန်တော် နှုတ်မဆက်ခင် အကြီးမားဆုံးခမ်းနားမှုလည်း ဖြစ်လာမှာပါ။”လို့ ကာဇိုလာက ဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ ကစားဖော်ြဖစ်ခဲ့ဖူးတဲ့ လက်ရှိနည်းပြ အာတီတာကိုလည်း ကာဇိုလာက အားပေးစကား ပြော သွားပါသေးတယ်။

“ သူက အာဆင်နယ်အတွက် အာစင်ဝင်းဂါးလို ဖြစ်လာဖို့ ခက်ပေမယ့် ကြီးကျယ်ခမ်းနားတဲ့ လုပ်ဆောင် ချက်တွေတော့ သေချာပေါက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ကျွန်တော် ယုံပါတယ် မီခေးလ်က အာဆင်နယ်ကို ဦးဆောင်ပြပါလိမ့်မယ်။”လို့ အားပေးစကားပြောသွားပါတယ်။

ကာဇိုလာကတော့ အာဆင်နယ်အတူ အက်ဖ်အေဖလား ဆွတ်ခူးခဲ့သလို လက်ရှိ ဗီလာရီးရဲမှာလည်း ပွဲ ၂၀ ကစားပြီး ၉ ဂိုးအထိ သွင်းယူထားနိုင်ပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က