အသင်းဖော်ဟောင်းဘက်က ရပ်တည်ပေးခဲ့တာပါ။
Pyae Phyo Thein

မက်ဆီရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းအဲဗက်စ်က ထောက်ခံပြောဆိုခဲ့ပြီး မက်ဆီဟာ အသင်းအတွက် အရာအားလုံးကို သူတစ်ဦးတည်းလုပ်ပေးနေရတယ်လို့ ခံစားနေရပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။


အိုဆာဆူနာအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက အသင်းကစားပုံနဲ့ပတ်သက်ပြီး ဒေါသတကြီးနဲ့ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ လက်ရှိခြေစွမ်းနဲ့သာဆိုရင် နာပိိုလီနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို အနိုင်ရမှာမဟုတ်ဘူးလို့ မက်ဆီက ပြောဆိုခဲ့ပြီးတော့ ခြေစွမ်းတိုးတက်ဖို့လိုတယ်လို့ ပြောခဲ့တာပါ။

မက်ဆီရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းအဲဗက်စ်က ထောက်ခံပြောဆိုခဲ့ပြီး မက်ဆီဟာ အသင်းအတွက် အရာအားလုံးကို သူတစ်ဦးတည်းလုပ်ပေးနေရတယ်လို့ ခံစားနေရပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အသင်းနိုင်ပွဲရဖို့အတွက် ဘာတွေလိုအပ်လဲဆိုတာကို မက်ဆီက အတိအကျသိထားတယ်လို့လည်း အဲဗက်စ်က ဆိုခဲ့ပါတယ်။ 

"လီယိုက အနိုင်ရဖို့မွေးဖွားလာခဲ့သူပါ၊ ရှုံးနိမ့်တာကို မနှစ်သက်တဲ့သူလည်းဖြစ်ပါတယ်၊ အသင်းအရေးနိမ့်ချိန်မှာ သူ ဒေါသထွက်တာက ပုံမှန်ဖြစ်နေတာပါ၊ သူက အမြဲတမ်းအနိုင်လိုချင်နေပါတယ်၊ ကျွန်တော်လည်း အဲဒီလိုပါပဲ၊ ကျွန်တော်တို့က အမြဲတမ်းအနိုင်ပဲ လိုချင်နေတာပါ၊ အသင်းမှာ တစ်စုံတစ်ခုဖြစ်နေပြီဆိုရင်လည်း သူသိပါတယ်၊ ဘာလုပ်ရမယ်၊ မလုပ်ရဘူးဆိုတာကို သူပြောတယ်ဆိုတာက သူ သိနေတာမို့ပါ"

"ဘာကာမှာ နှစ်တွေအကြာကြီးသူကစားခဲ့ပြီး အတွေ့အကြုံလည်း အများကြီးရှိနေခဲ့ပါပြီ၊ အသင်းနိုင်ပွဲရဖို့ ဘာလိုအပ်လဲဆိုတာ သူအတိအကျသိပါတယ်၊ မက်ဆီက အဓိကပဲလို့ ကျွန်တော်အမြဲတမ်းပြောခဲ့တယ်၊ အခုဆိုရင် အသင်းအတွက် သူ အရာရာတိုင်းကို လုပ်ပေးနေရတယ်လို့ သူ ခံစားနေရပါပြီ၊ သူလည်း လူသားတစ်ဦးပဲဆိုတာ မမေ့ကြပါနဲ့" လို့ အဲဗက်စ်က ပြောဆိုခဲ့ပါတယ်။ 

အဲဗက်စ်ကတော့ မက်ဆီနဲ့အတူ ဘာစီလိုနာမှာ နှစ်အတန်ကြာတွဲဖက်ကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့သူဖြစ်ပါတယ် ဆော်ပေါ်လိုအသင်းအတွက် လက်ရှိမှာကစားပေးနေတဲ့ အဲဗက်စ်က ဘာစီလိုနာအသင်းဟာ အခြားအသင်းတစ်သင်းပုံစံဖြစ်နေပြီလို့လည်း ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ Catalunya Radio ကနေ ပြောဆိုသွားခဲ့ပါတယ်။ 


Author


က္က