အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဌလည်း ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဦးဇော်ဇော်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကမှ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌတာဝန်ကို ပေးအပ်ခံထားရသူလည်း ဖြစ်ပါတယ။

အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရေး ကော်မတီရဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ယခင်က အဆိုပါကော်မတီ ဥက္ကဌတာဝန်ကို ဆော်ဒီအာရေဗျနိုင်ငံက Ahmed Eid S. AL Harbi က တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။



ဦးဇော်ဇော် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ကော်မတီကတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) အပါအဝင် နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ အာရှတိုက်အတွင်းရှိ နိုင်ငံများရဲ့ လူမူရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးဇော်ဇော်ကို အာရှဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌအဖြစ် ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၉ ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်မှာ ရွေးချယ်တင်မြှောက်ခြင်းခဲ့တာ ဖြစ်ပါတယ်။

ဦးဇော်ဇော်ဟာ အာဆီယံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌအဖြစ်လည်း နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခြင်းခံခဲ့ရပေပမဲ့ အာရှဘောလုံးအဖွဲ့ချုုပ် ဒု-ဥက္က တာဝန်တွေကြောင့် အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဌရာထူးကို ပြန်လည်အပ်နှံခဲ့ပါတယ်။


Author


က္က