ဂိုးမရှိသရေကျခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ကာတာကို ပေးဂိုးမရှိအောင် ကစားထားနိုင်တဲ့အသင်းတွေက ဘရာဇီး၊အာဂျင်တီးနားနဲ့ ကိုလံဘီယာ ၃သင်းသာ ရှိပြီး အိန္ဒိယက ပထမဆုံး အာရှအသင်းဖြစ်လာခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ကာတာအသင်းနဲ့ အိန္ဒိယအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ဂိုးမရှိ သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။



အိန္ဒိယအသင်းအနေနဲ့ ပထမပွဲမှာ အိုမန်ကို၂-၁နဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း ကာတာအသင်းနဲ့ အဝေးကွင်းပွဲမှာ တော့ ဂိုးမရှိသရေ ကစားကာ အမှတ်ရအောင် ယူနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာတော့ အာရှချန်ပီယံ ကာတာနဲ့ ကစားထားသမျှ အသင်းတွေ ထဲမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်တာဆိုလို့ ဘရာဇီး၊အာဂျင်တီးနားနဲ့ ကိုလံဘီယာအသင်း တွေပဲ ရှိထားပြီး အိန္ဒိယ အသင်းကတော့ ပထမဆုံး အာရှအသင်းဖြစ်လာခဲ့တာလို့ Fox Sports Asia သတင်းဌာနက ဖော်ပြလာ ပါတယ်။



ကာတာကတော့ ပထမပွဲမှာ အာဖဂန်နစ္စတန်အသင်းကို ၆ ဂိုးပြတ်နဲ့ပြတ်ပြတ်သားသားအနိုင်ရထားပေမယ့် အိန္ဒိယအသင်းကိုတော့ ဂိုးလုံးဝသွင်းယူနိုင်ခဲ့ခြင်းမရှိတာပါ။

အခုလို ကာတာအသင်းကို ဂိုးမရှိသရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တဲ့ အိန္ဒိယအသင်းကိုတော့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က