လူပေးကစားခြင်းမရှိတာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီ နဲ့ လူးဝစ္စဆွာရက်ဇ်တို့ဟာ ဂရစ်မန်းကို လျစ်လျူရှုနေကြတယ်လို့ ဘာစီလိုနာပရိသတ်များက ယူဆနေခဲ့ကြပါတယ်။ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပေါင်သန်း ၁၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်မန်းဟာ အသင်းသစ်မှာ အထိုင်ကျဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး အသင်းဖော်တွေနဲ့လည်း နားလည်မှုမရသေးဘူးလို့ သတင်းတွေထွက်နေပါတယ်။

ဗယ်လာဒိုလစ်နဲ့ပွဲမှာ လူငယ်ကစားသမားဖာတီရဲ့ နေရာကို အစားထိုးဝင်ရောက်လာခဲ့ပြီးနောက် ဂရစ်မန်းဟာ ဂိုးသွင်းယူနိုင်မယ့် အကောင်းဆုံးနေရာမျိုးမှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီနဲ့ ဆွာရက်ဇ်တို့က သူ့ကို လျစ်လျူရှုထားခဲ့ပြီး လူပေးကစားခဲ့ခြင်းမရှိလို့ ဂရစ်မန်းအနေနဲ့ ဂိုးရမယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာတော့ ဆွာရက်ဇ်အနေနဲ့ ဂရစ်မန်းကို အလွယ်တကူပဲ ပေးလို့ရခဲ့ပေမယ့်လည်း ဆွာရက်ဇ်က ဘောလုံးပေးခဲ့ခြင်းမရှိပါဘူး။ ဆွာရက်ဇ်အနေနဲ့ ဘောလုံးပေးခဲ့မယ်ဆိုပါက ဂရစ်မန်းက အသာအယာပဲ ပိတ်သွင်းယူနိုင်မှာဖြစ်ပေမယ့် ဆွာရက်ဇ်ကတော့နောက်က ပြေးတက်လာခဲ့တဲ့မက်ဆီကိုသာ ဘောလုံးပေးသွားခဲ့ပါတယ်။

မက်ဆီက ကန်သွင်းယူခဲ့ရာမှာ လွဲချော်ခဲ့သလို သူ့အရှေ့မှာ ဗယ်လာဒိုလစ်ကစားသမားနှစ်ဦးရှိနေခဲ့ပြီး ဂရစ်မန်းကို ပေးပို့ခဲ့သင့်ပေမယ့် ကိုယ်တိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂရစ်မန်းအနေနဲ့ အသင်းသစ်ကို ရောက်ရှိလာခဲ့ပြီးနောက် မက်ဆီရဲ့ ကြိုဆိုမှုကို မခံခဲ့ရဘူးလို့ သိရသလို ပွဲချိန်တွင်းကစားခဲ့ရာမှာလည်း အသင်းဖော်တွေရဲ့ တွဲဖက်ကစားမှုကို မရရှိခဲ့တာဖြစ်ပါတယ်။



က္က