လျော်ကြေး ပေါင် ၃၆၇ သန်းအထိ ပါဝင်ခဲ့ပါတယ်။
Pyae Phyo Thein

အသက် ၁၇ နှစ်အရွယ်ကစားသမားကို ၂၀၂၄ ခုနှစ်အထိ အသင်းမှာဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး မြင့်မားတဲ့ လျော်ကြေးငွေကို ထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းဟာ လူငယ်ကြယ်ပွင့် အန်ဆူဖာတီကို လျော်ကြေး ပေါင်၃၆၇ သန်းအထိပါဝင်တဲ့ စာချုပ်သစ်ကို ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားကို ၂၀၂၄ ခုနှစ်အထိ အသင်းမှာဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး မြင့်မားတဲ့ လျော်ကြေးငွေကို ထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့စာချုပ်မှာတော့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိခဲ့ပြီး အခုအခါ နောက်ထပ် ၂နှစ်သက်တမ်းတိုးခဲ့ကာ လျော်ကြေးပမာဏကလည်း ပေါင် ၂၁၁သန်းအထိ များပြားခဲ့တာဖြစ်ပါတယ်။ ဖာတီဟာ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဗီဒယ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်၂၂ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့လည်း The Sun က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ နဲ့ ဖန်တီးသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖာတီဟာ စပိန်လက်ရွေးစင်အသင်းမှာလည်း အသက်အငယ်ဆုံးပွဲထွက်ခွင့်ရသူနဲ့ ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ဘာစီလိုနာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ စပိန်ကြယ်ပွင့်ဟာ မက်ဆီမရှိတော့မယ့် ဘာစီလိုနာအတွက် အနာဂတ်ဖြစ်တယ်လို့ သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ 

ဘာစီလိိုနာကတော့ ဒီရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေအများအပြားပြုလုပ်နေပြီး အဓိကအားဖြင့် ကစားသမားတွေကို ပြန်လည်ရှင်းထုတ်နေတာဖြစ်ပါတယ်။ ဆယ်မီဒို၊ အာသာ၊ ပီရက်ဇ်၊ ကူကူရီယာ၊ ရာကီတစ်၊ ဗီဒယ်၊ ဆွာရက်ဇ်တို့ကို ထွက်ခွာခွင့်ပြုခဲ့ပြီး ပီယာနစ်တစ်ဦးတည်းကို ပြန်လည်ခေါ်ယူထားကာ ဘိုင်ယန်မှာအငှားနဲ့သွားကစားခဲ့တဲ့ ကော်တင်ဟိုကို ရော်နယ်ကိုးမန်းက အဓိကကစားသမားအဖြစ် အသုံးပြုသွားမယ်လို့သိရပါတယ်။ 


Author


က္က