ဖြစ်ရပ်အပေါ် ဂျူဗင်တပ်ပရိသတ်တွေက နောက်ပြောင်မှုအချို့ပြုလုပ်ခဲ့ကြပါသေးတယ်။
Win Kyaw Min

ပါးမားအသင်းကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဒိုင်ဘာလာတို့နှစ်ဦး ဟာ ပါးမားအသင်းကို အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲစဉ်-၂၀ မှာ အတူအောင်ပွဲခံရင်း မတော်တဆအကြင်နာအ နမ်းပေးမိသွားခဲ့တယ်လို့ calciomercato.com ရဲ့ ရုပ်သံအနှေးပြကွက်တွေအရ သိရပါတယ်။

စီးရီးအေအမှတ်ပေးဇယားထိပ်ပိုင်းမှာ အင်တာမီလန်အသင်းနဲ့အတူ အပြိုင်ဖြစ်နေတဲ့ ဂျူဗင်တပ်အသ  င်းအနေနဲ့ အဓိကတိုက်စစ်မှူးစီရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးေ ကြာင့် ပါးမားအသင်းကို အနိုင်ရရှိခဲ့တာဖြ စ် ပြီး အတူတကွအောင်ပွဲခံခဲ့ရာကနေတဆင့် မတော်တဆဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။



ဒိုင်ဘာလာရဲ့ ဖန်တီးပေးမှုကနေ အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုအနေနဲ့ဒို င်ဘာလာနဲ့ သီးသန့်အောင်ပွဲခံရင်း အခုလိုဖြစ်ပျက်ခဲ့ခြင်းကို ဂျူဗင်တပ်ပရိသတ်တစ်ဦးက အမှတ်မထ င် ရုပ်သံရိုက်ကူးမိခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ်သို့တဆင့် ပြန်တင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖြစ်စဉ်အတွက် ကာယကံရှင်နှစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ဒိုင်ဘာလိုတို့ နှစ်ဦးအကြား တစ်စုံတစ်ရာမှ တ် ချက်ပြုခြင်းမရှိသေးပေမယ့် အသင်းပရိသတ်အချို့၊ အသင်းဖော်အချို့ကြားမှာတော့ ဟာသဆန်ဆန် အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်လို့လည်း အသင်းနဲ့နီးစပ်တဲ့ ရင်းမြစ်အချို့အရ သိရပါတယ်။

အဆိုပါရုပ်သံဖိုင်ကို လူမှုကွန်ယက်မှာတင်ခဲ့ပြီးနောက် အချိန်တိုအတွင်း ဝင်ရောက်ကြည့်ရှုမှုနှုန် းအ ဆ မတန်မြင့်မားခဲ့ပြီး ဂျူဗင်တပ်ပရိသတ်အများစုက ဟာသဆန်ဆန်နောက်ပြောင်ခဲ့ကြပေမယ့် အ ခြားအသင်းပရိသတ်တွေကတော့ ပျက်ရယ်ပြုလှောင်ပြောင်ခဲ့ကြတယ်လို့လည်း insta:@jaivanfutoficial က ဖော်ပြလာခဲ့ပါသေးတယ်။

ဖြစ်ရပ်အပေါ် ဂျူဗင်တပ်ပရိသတ်တွေက နောက်ပြောင်မှုအချို့ပြုလုပ်ခဲ့ကြပါသေးတယ်။


Author


က္က