အသင်းဖော်လင်ဒီလော့ဖ်နဲ့ အချင်းများခဲ့ကြတာပါ။
Pyae Phyo Thein

ဒီဂျောင်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတဲ့နောက် ဖာနန်ဒက်စ်ဟာ အသင်းဖော်တွေရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေကို ပြစ်တင်ပြောဆိုခဲ့ပြီးနောက် လင်ဒီလော့ဖ်နဲ့ အချင်းများခဲ့တာလည်းဖြစ်ပါတယ်။ 


အသင်းဖော်နောက်ခံလူလင်ဒီလော့ဖ်နဲ့ အချင်းများခဲ့မှုဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်တယ်လို့ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။ ဒီဂျောင်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတဲ့နောက် ဖာနန်ဒက်စ်ဟာ အသင်းဖော်တွေရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေကို ပြစ်တင်ပြောဆိုခဲ့ပြီးနောက် လင်ဒီလော့ဖ်နဲ့ အချင်းများခဲ့တာလည်းဖြစ်ပါတယ်။ 

အသင်းဖော်နှစ်ဦးကြားမှာ တင်းမာတဲ့အပြန်အလှန်ပြောဆိုမှုတွေရှိခဲ့ပြီး လင်ဒီလော့ဖ်က ဖာနန်ဒက်စ်ကို ခွေးမသားလို့လည်း ရေရွတ်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒီဂျောင်ကို လူကပ်ထားခြင်းမရှိဘဲ ကြီးမားတဲ့အခွင့်အရေးပေးခဲ့တဲ့အပေါ်မှာ ဖာနန်ဒက်စ်က ဒေါသထွက်နေခဲ့သလို လင်ဒီလော့ဖ်ကလည်း သူ့ကိုပြစ်တင်ခဲ့လို့ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ 

"ဂိုးပေးရချိန်မှာဆို ဒီလိုဖြစ်တာက ပုံမှန်ပါပဲ၊ လူတိုင်းဒေါသထွက်ခဲ့ကြပါတယ်၊ ဒါက ကျွန်တော်နဲ့ ဗစ်တာကြားက ဖြစ်ရပ်လည်းမဟုတ်ပါဘူး၊ ပုံမှန်ပါပဲ၊ တစ်ဦးနဲ့တစ်ဦးကြားမှာ အပြန်အလှန်ဖေးကူဖို့အတွက် ကြိုးစားခဲ့ကြတာပါ၊ အသင်းအများအပြားမှာလည်း ဒီလိုမျိုးဖြစ်နေကြတာပါ၊ ကျွန်တော်တို့က ဘယ်သူမဆို လုပ်ခဲ့မိတဲ့အမှားတွေကို ကြည့်နေဖို့ လိုအပ်ပါတယ်" လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားကတော့ အဆိုပါသွင်းဂိုးအတွက် ပြစ်တင်ပြောဆိုဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ "ဂိုးပေးလိုက်ရတဲ့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်၊ ကျွန်တော့်ကစားသမားတွေအနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေချင်ပြီး တခြားသူတွေကိုလည်း ဖြေရှင်းပေးနိုင်စေချင်ပါတယ်" လို့သာ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ရှုံးပွဲအတွက် ဖာနန်ဒက်စ်နဲ့ တိုက်စစ်ကစားသမားတွေဟာလည်း ကိုယ့်ကိုကိုယ်သာ အပြစ်တင်ဖို့ရှိနေခဲ့ပါတယ်။ 

အခွင့်အရေးတွေအများအပြားကို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂိုးမရယူနိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဆိုးလ်ရှာအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားခဲ့လို့သာ သက်သာရာရခဲ့ပြီး ယူနိုက်တက်ကစားသမားဟောင်းကြီး ပေါလ်စခိုးကတော့ အသင်းအနေနဲ့ နွေရာသီမှာ ကစားသမားသစ်တွေဝယ်ယူဖို့ လိုအပ်နေပြီလို့ သတိပေးသွားခဲ့ပါတယ်။ 


Author


က္က