အဝတ်လဲခန်းအတွင်းက အခြေအနေကို ပြောပြခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းရဲ့ဂျာမနီကစားသမားတွေအားလုံးဟာ မန်ချက်စတာစီးတီးကြယ်ပွင့် ဆာနေးကို စောင့်မျှော်နေကြတယ်လို့ ပြောကြားခဲ့ပြီး အသင်းအနေနဲ့ ဆာနေးရောက်လာမယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ ပြောကြားခဲ့ကြောင်း Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ဆာနေးဟာ ယခုနွေရာသီမှာ ဂျာမနီကို ပြန်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားတွေ ကိုင်မြှောက်နိုင်နေပေမယ့် ဘာနာဒိုလ်ဆေးလ်ဗားနဲ့ စတားလင်းတို့ရဲ့နောက်မှာသာ ပွဲထွက်နေရတာကြောင့် မပျော်မရွှင်ဖြစ်နေသူဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းရဲ့အဝတ်လဲခန်းအတွင်း အခြေအနေကို ပြောပြခဲ့ပြီး အသင်းရဲ့ဂျာမနီကစားသမားတွေဟာ ဆာနေးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေကြကြောင်း ပြောကြားခဲ့ပါတယ်။

"ဘိုင်ယန်ရဲ့ဂျာမန်ကစားသမားတွေက အခု ဆာနေးရဲ့အပြောင်းအရွှေ့သတင်းကို အရမ်းကို စောင့်မျှော်နေကြပါတယ်"'

"ဒါပေမယ့် ကျွန်တော်တို့ ဘာဖြစ်လာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပါ"လို့ Goal ကို ပြောကြားခဲ့ပါတယ်။

ဆာနေးဟာ ပြီးခဲ့တဲ့မေလကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး လီဝန်ဒေါစကီးက ဆာနေးဟာ အသင်းကို ချက်ချင်းပိုမိုမြင့်မားအောင် လုပ်ဆောင်ပေးနိုင်တဲ့ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့သူဖြစ်ပါတယ်။ လီဝန်ဒေါစကီးက ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လူအင်အားဖြည့်တင်းဖို့ မျှော်လင့်နေပြီး လာမယ့်ရာသီမှာ ဒေါ့မွန်အသင်းရဲ့ အနိုင်ယူခြင်းကနေ ကာကွယ်လိုနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က