ပေါ်တူဂီမှာ ‌နောက်ထပ် ရက်သတ္တပတ်အတွင်း အခြေအနေပိုးဆိုးနိုင်တယ်လို့ သတိပေးထားပါတယ်။

‌ပေါ်တူဂီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၂ဦးသာာ သေဆုံးထားပေမယ့် အခြေအနေပိုဆိုးလာဖို့ရှိတယ်လို့ ဆေးဘက် ဆိုင်ရာအကြီးအကဲတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်နဲ့ပေါင်းပြီး ‌မိခင် ပေါ်တူဂီနိုင်ငံအတွက် ဆေးပစ္စည်းတွေ ထောက်ပံ့ပေးသွာားဖို့ လုပ်ဆောင်နေပါပြီ။



စပိန် သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီ စူပါအေးဂျင့် မန်ဒက်စ်အနေနဲ့ ဆေးရုံးသုံး အကာအကွယ် အဝတ်အစား ၂သိန်းနဲ့ အသက်ရှူစက် ၃လုံး လှူဒါန်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မန်ဒက်စ်ရဲ့ ဖောက်သည်တွေထဲက တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုက မျက်နှာဖုံး ၅သောင်းအပါအဝင် အခြားလိုအပ်တဲ့ ဆေးရုံသုံးပစ္စည်းတွေ ထပ်မံ ပူးပေါင်း လှူဒါန်းဖို့ ပြင်ဆင်နေပြီလို့ သိရတာပါ။

ရော်နယ်ဒိုကတော့ ပေါ်တူဂီကို အီတလီကတဆင့် ပြန်လာပြီး ကိုရိုနာဗိုင်းရပ်စ်ကို ရှောင်နေတာဖြစ်ပြီး ရောက်ရောက်ချင်းမှာ အများနည်းတူ စောင့်ကြည့် လူနာအဖြစ် ခံခဲ့ရပြီး လက်ရှိမှာလည်း သီးခြား နေထိုင်နေတယ် လို့ သိရပါတယ်။

ရော်နယ်ဒိုအတွက် အခုလို အလှူအတန်းပြုလုပ်မှုကတော့ သိပ်ဆန်းကြယ်တဲ့အရာမဟုတ်ပဲ ၂၀၁၅ခုနှစ်တုန်းက လည်း အင်အားပြင်း ငလျင်ဒဏ် ခံစားခဲ့ရတဲ့ နီပေါနိုင်ငံအတွက် ပေါင် ၅သန်းလှူဒါန်းခဲ့ဖူးပါတယ်။

လက်ရှိမှာလည်း သူ့ရဲ့ ဘလွန်းဒီအောဆုတံဆိပ်ကိုလည်း Make-A-Wish ဖောင်ဒေးရှင်းကို လှူဒါန်းဖို့အတွက် လေလံပစ်ထားပြီး ပေါင် ၅သိန်း စခေါ်ထားပါတယ်။

ပေါ်တူဂီမှာတော့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေတွေ ဆိုးရွားလျက်ရှိနေပြီး နောက်ထပ် ရက်သတ္တပတ်အတွင်း အခြေအနေပိုဆိုးရွားလာဖွယ်ရှိတယ်လို့လည်း ကြေညာထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က