၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူပါ။

ဂျူဗင်တပ်အားကစားဒါရိုက်တာ ဖေဘီယိုပရာတီစီဟာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ပြီး ကစားသမားဘဝကို အဆုံးသတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ရော်နယ်ဒိုကို စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ရှိနေလိမ့်မယ်လို့ မျှော်လင့်နေကြောင်း Bleacherreport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ယူရို ၁၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ရော်နယ်ဒိုတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ပရာတီစီက ရော်နယ်ဒို ဂျူဗင်တပ်အသင်းကို စာချုပ်သက်တမ်းမကုန်ဆုံးသေးမီ စွန့်ခွာသွားမယ့်မြင်ကွင်းကို မမြင်မိကြောင်းနဲ့ ယခုရာသီကုန် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာလည်း ထွက်ခွာလိမ့်မယ်လို့ နည်းနည်းလေးမှကို ယုံကြည်ထားခြင်းမရှိဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူက သူ့ရဲ့ လက်ရှိရည်မှန်းချက်အပေါ်မှာ အရမ်း အာရုံစိုက်တတ်တဲ့ ကစားသမားပါ။ သူ ဒီရာသီကုန် ဒါမှမဟုတ် အဲဒီနောက်ပိုင်းကာလမှာ အသင်းကို စွန့်ခွာသွားလိမ့်မယ်လို့ နည်းနည်းလေးတောင်မှ မယုံကြည်ပါဘူး”



“သူက အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ ကျွန်တော်တို့ သူနဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်ရပါတယ်။ သူကလည်း ဂျူဗင်တပ်မှာ ပျော်ရွှင်နေပါတယ်”လို့ Goal ကို ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လာမယ့်ဖေဖော်ဝါရီလမှာ အသက် ၃၅ နှစ်ပြည့်မြောက်တော့မှာဖြစ်ပေမယ့် တနင်္လာနေ့ညက ယူကရိန်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကစားသမားဘဝတလျှောက် ဂိုး ၇၀၀ မြောက် သွင်းဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူနိုင်ခဲ့ပြီး မှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။



က္က