ကွင်းနာမည်ကို သူ့ရဲ့နာမည်ပြောင်းလဲဖို့ စဉ်းစားနေတာပါ။

ရော်နယ်ဒိုဟာ လူငယ်ကစားသမားဘဝကို စပို့တင်းအသင်းနဲ့ အစပြုခဲ့ပြီး အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့သူလည်းဖြစ်ပါတယ်။


စပို့တင်းလစ္စဘွန်းအသင်းဟာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒို ကစားသမားဘဝက အနားယူချိန်မှာ သူတို့အသင်းရဲ့ကွင်းနာမည်ကို ပြောင်းလဲသတ်မှတ်သွားဖို့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ လူငယ်ကစားသမားဘဝကို စပို့တင်းအသင်းနဲ့ အစပြုခဲ့ပြီး အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့သူလည်းဖြစ်ပါတယ်။

စပို့တင်းအသင်းအကယ်ဒမီရဲ့ နာမည်အကျော်ကြားဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက ရှိနေခဲ့ပြီး အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် စပို့တင်းက သူတို့ရဲ့ကစားသမားဟောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းနာမည်ပေးသွားဖို့အတွက် စီစဉ်မှုတွေ ရှိလာခဲ့တယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

"ကျွန်တော်တို့အသင်းရဲ့ သမိုင်းမှာ သူ့နာမည်ပါဝင်နေခဲ့တဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်၊ ခရစ္စတီယာနနိုက အသင်းသမိုင်းမှာ အကောင်းဆုံးသင်္ကေတတစ်ခုအဖြစ်နဲ့လည်း အမြဲတမ်းရှိနေမှာပါ"လို့ စပို့တင်းလစ္စဘွန်းအသင်းဥက္ကဌ ဖရီဒရီကိုဗာရန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက မျိုးဆက်သစ်ကစားသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာရယူမှုမှာ ဘယ်လောက်ထိအရေးပါလဲဆိုတာကိုလည်း သူက ထပ်ပြောခဲ့ပါတယ်။

"သူ့ရဲ့တန်ဖိုးကို ကျွန်တော်တို့ရဲ့ လူငယ်အကယ်ဒမီမှာ အားလုံးသိအောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်၊ သူ့ရဲ့စိတ်ခွန်အား၊ ကြောက်ရွံ့စိတ်မရှိတာ၊ စည်းကမ်းလိုက်နာတာ၊ ခေါင်းဆောင်မှုအရည်အသွေးနဲ့ ဆုံးဖြတ်နိုင်မှုတွေကို အာရုံစိုက်လာနိုင်အောင် ကျွန်တော်တို့ ကြိုးစားပေးနေပါတယ်၊ သူက အားကစားလောရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါပဲ" လို့ ဖရီဒရီကိုဗာရန်ဒက်စ်က ပြောခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းရဲ့ လက်ရှိကွင်းနာမည်ကတော့ အသင်းကိုတည်ထောင်ခဲ့သူဖြစ်တဲ့ ဟိုဆေးအယ်လ်ဗာလာဒီရဲ့ နာမည်ကို ဂုဏ်ပြုခေါ်ဆိုနေတာဖြစ်ပြီး ပရိသတ်ပေါင်း ၅သောင်းအထိ ဝင်ဆံ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ကလပ်အသင်းဟောင်းဆီက ကြီးမားတဲ့ဂုဏ်ပြုမှုတစ်ခုကို သူအနားယူချိန်မှာ ရယူနိုင်တော့မှာလည်းဖြစ်ပါတယ်။



က္က