မက်ဆီအနေနဲ့ မာနေးလ်၊ စီရော်နယ်ဒို၊ ဒီဂျောင်တို့ကို မဲပေးခဲ့တာပါ။

မက်ဆီအနေနဲ့ ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ကြိမ်အဖြစ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၉ခုနှစ်အတွက် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် မဲပေးဆုံးဖြတ်မှုများပြုလုပ် ခဲ့ရာတွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ အဓိကပြိုင်ဘက်စီရော်နယ်ဒိုကို ဦးစားပေးမဲပေးခဲ့ ခြင်း မရှိဘူးလို့ Dailymail ရဲ့ဖော်ပြချက်အရသိရပါတယ်။

အခုနှစ်အကောင်းဆုံးကစားသမားဆန်ကာတင်စာရင်းတွင် မက်ဆီ၊စီရော်နယ်ဒိုတို့အပြင်လီဗာပူးနော က်တန်းကစားသမား ဗန်ဒိုက်တို့ ပါဝင်ခဲ့တာဖြစ်ပြီး မက်ဆီက မဲအရေအတွက်အသာဖြင့်ရွေးချယ်ခံ ခဲ့ ရတယ်ဆို့ ဖီဖာကအတည်ပြုသတင်းပြုထုတ်ပြန်ခဲ့တာပါ။



မဲရလဒ်ထွက်ပေါ်လာရာတွင် မက်ဆီက ၄၆မဲနဲ့ပထမ၊ ဗန်ဒိုက်က ၃၈မဲနဲ့ဒုတိယ၊ စီရော်နယ်ဒိုက ၃၆မဲ နဲ့ တတိယနေရာတို့မှာရပ်တည်ခဲ့ပြီး ပထမရခဲ့တဲ့မက်ဆီအနေနဲ့ အဓိကပြိုင်ဘက်စီရော်နယ်ဒိုကိုထပ် မံကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ကာတင်ကစားသမားများရဲ့ မဲပေးမှုရလဒ်တွင်မက်ဆီအနေနဲ့ ဦးစားပေးနေရာတွင် လီဗာပူး တော င်ပံကစားသမားမာနေးလ်ကို မဲပေးခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုကိုယ်တိုင်ကလည်း ဆန်ကာတင် စာရင် းဝင်တွေကိုမဲပေးခဲ့ခြင်းမရှိဘဲ ဒီလစ်ဂျ်၊ ဒီဂျောင်၊ ဘာပေတို့ကိုရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

အကောင်းဆုံးကစားသမားဆုကို ၆ကြိမ်မြောက်အဖြစ်ရရှိခဲ့တဲ့ မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ နောက်ပို င်း အကောင်းဆုံးဆုကို ပြန်လည်ရရှိခဲ့တာဖြစ်ပြီး အဓိကပြိုင်ဘက်စီရော်နယ်ဒိုကို ထပ်မံကျော်ဖြတ် နိုင် ခဲ့တာလည်းဖြစ်ပါတယ်။



က္က