နယူးကာဆယ် ယူ၁၅ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

သြစတြေးလျလိဂ်ပွဲစဉ်တွေကို ပရိသတ်တွေလာရောက်ကြည့်ရှုဖို့အတွက် ကွင်းရဲ့ ဝင်ဆံ့ပရိသတ် ၂၅%ကို ခွင့်ပြုထားခဲ့ကာ Social Distancing အရ အားပေးစေခဲ့တယ်လို့ ဆိုပါတယ်။


နယူးကာဆယ် နဲ့ ဝက််စ်စတန်းယူနိုက်တက်တို့ ကစားခဲ့တဲ့ သြစတြေးလျလိဂ်ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦး လာရောက်ကြည့်ရှုခဲ့ပြီးနောက် အခြားသောပရိသတ်အချို့ ကူးစက်ခံရတဲ့ အရိပ်အယောင်တွေပြသနေခဲ့ပြီလို့ သိရပါတယ်။ ဒီအတွက်ကြောင့် စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပြီး ဗိုငး်ရပ်စ်ကူးစက်မှုမြင့်မားနေတဲ့ သြစတြေးလျအတွက် နောက်ထပ်စိတ်ပူစရာဖြစ်လာခဲ့ရပါတယ်။

အဆိုပါပရိသတ်ဟာ အသက် ၂၀ ဝန်းကျင်သာရှိနေသေးပြီး ဆယ်ကျော်သက် လူငယ်တစ်ဦးနဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့တယ်လီု့ ဆိုပါတယ်။ အဆိုပါ ဆယ်ကျော်သက်အရွယ်လူငယ်ဟာ နယူးကာဆယ်ဂျက်စ်အသင်းရဲ့ ယူ-၁၅ အသင်းသားဖြစ်တယ်လို့ သိရပြီး အသင်းဖော်တွေအတွက်ပါ စိုးရိမ်စရာဖြစ်နေရပြီဖြစ်ပါတယ်။ 

သြစတြေးလျလိဂ်ပွဲစဉ်တွေကို ပရိသတ်တွေလာရောက်ကြည့်ရှုဖို့အတွက် ကွင်းရဲ့ ဝင်ဆံ့ပရိသတ် ၂၅%ကို ခွင့်ပြုထားခဲ့ကာ Social Distancing အရ အားပေးစေခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ McDonald Jones ကွင်းမှာပဲ ဝယ်လင်တန်ဖီးနစ် နဲ့ ဘရစ်ဘိန်းရိုအာတို့ရဲ့ ပွဲစဉ်ကို ဆက်လက်ကစားစေခဲ့ပြီး အဲဒီပွဲကတော့ ပရိသတ်တွေလာရောက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ 

ကူးစက်ခံထားရတဲ့ လူငယ်လေးဟာ နယူးကာဆယ် ယူ၁၅ အသင်းနဲ့ စတန်းမောဟော့စ်တို့ ကစားခဲဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ပွဲစဉ်ကိုလည်း ဝင်ရောက်ကစားခဲ့ကြောင်းသိရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အသင်းဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေဟာ ကွာရန်တင်းဝင်နေရပြီဖြစ်ပြီးတော့ ကူးစက်ခံရမှုရှိမရှိကို အတိအကျမသိရှိရသေးဘူးလို့ FTBL ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 


Author


က္က