တွစ်တာကတဆင့် ရေးသားဝေဖန်ခဲ့တာပါ။

ချန်ပီယံ ဖြစ်ခဲ့ရင်လည်း အိမ်ဖြူတော်ကို မသွားရောက်ဘူးလို့ ပြောခဲ့တဲ့အပေါ်မှာ ဒေါ်နယ်ထရမ့်က ဝတ်ဆင် ထားတဲ့ဂျာစီနဲ့ အလံကို ဂုဏ်ယူတတ်သင့်သလို နိုင်ငံကို လေးစားမှု ရှိပါလို့ပြန်လည်ဝေဖန်ခဲ့တာပါ။

အမေရိကန် သမ္မမတ ဒေါ်နယ်ထရမ့်က ကျင်းပလျက်ရှိတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အမေရိကန် လက်ရွေးစင်အသင်းက ဒု-အသင်းခေါင်းဆောင် မီဂန်ရာပီနိုကို သတိပေးစကား ဆိုလိုက်တယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

ဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ရင်တောင် အိမ်ဖြူတော်ကို သွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောခဲ့ တဲ့ မီဂန်ကို လေးစားမှု မရှိတဲ့ အသုံးအနှုန်းတွေ မပြောဖို့နဲ့ သူမရဲ့ အသုံးအနှုန်းက နိုင်ငံကို လေးစားမှု မရှိဘူးလို့ ဝေဖန်ခဲ့ပြီး သတိပေးစကားဆိုခဲ့တာပါ။

မီဂန်က စပိန်ကို ၂-၁ ဂိုးနဲ့နိုင်တဲ့ပွဲမှာအနိုင်ဂိုး ၂ ဂိုး စလုံးကို ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပြီးအမေ ရိကန်အသင်း ဒီပြိုင်ပွဲမှာ အနိုင်ရရ မရရ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကို ဖိတ်ကြားမှာပဲလို့ ပြောထားခဲ့ပါသေး တယ်။

ဒါ့အပြင် အခြားသော အသင်းဖော်တွေ ဖြစ်တဲ့ အဲလက်မော်ဂန်၊အလီခရီဂါတို့ကလည်းအိမ်ဖြူတော်ကိုသွားမှာ မဟုတ်ဘူးလို့ အသီးသီး ထွက်ဆိုထားကြပါသေးတယ်။

ဒါပေမယ့်လည်း မီဂန်ရဲ့ ပြောဆိုမှုအပေါ် သမ္မတ ထရမ့်က - “ မီဂန်အနေနဲ့ နိုင်ငံကို မလေးစားတဲ့ အပြုအမူ ဘယ်တော့မှ မလုပ်သင့်ပါဘူး၊ အိမ်ဖြူတော်ပဲဖြစ်ဖြစ် နိုင်ငံတော် အလံပဲ ဖြစ်ဖြစ် အထူးသဖြင့်အသင်းဘယ်လို ဖြစ်နေပါစေ နိုင်ငံတော်ကို မလေးမစားမလုပ်သင့်ပါဘူး။ မင်းဝတ်ဆင်ထားတဲ့ အသင်းဂျာစီနဲ့အလံကို ဂုဏ်ယူ တတ်ပါစေ။” လို့ တွစ်တာကတဆင့် ဝေဖန်ခဲ့တာပါ။

အမေရိကန်အသင်းကတော့ လက်ရှိချန်ပီယံဖြစ်ပြီး ကွာတားဖိုင်နယ်မှာအိမ်ရှင် ပြင်သစ် အသင်းနဲ့ တွေ့ဆုံနေ ပါတယ်။



က္က