loading...

loading...

loading...

ရီးရဲနဲ့ဖလားအားလုံးရယူလိုတဲ့ဆန္ဒပြည့်ဝသွားခဲ့ပြီဖြစ်ပါတယ်။
Kg Htet

ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်တိုနီခရူးစ်ဟာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ တိုနီခရူးစ်ဟာ ပတ်ဝန်းကျင်အသစ်ကို ရှာဖွေပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုနေပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုနီခရူးစ်ဟာ ၂၀၁၄ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်မှာ ကောင်းမွန်တဲ့ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပါတယ်။

တိုနီခရူးစ်ဟာ ရီးရဲမက်ဒရစ်အသင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဥရောပမှာ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပြီး အခြားကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ ကက်စမဲရိုးတို့နည်းတူ ခြေစွမ်းတိုးတက်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း တိုနီခရူးစ်ဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေပြီး အချို့ကြီးမားတဲ့ပွဲစဉ်တွေမှာ ခြေစွမ်းမပြသနိုင်တာကြောင့် ရီးရဲမက်ဒရစ်ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ နည်းပြဇီဒန်းကို ပြီးခဲ့တဲ့မတ်လက နည်းပြအဖြစ် ပြန်လည်ခန့်အပ်ပြီးနောက် ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာ ကစားသမားဟောင်းတွေကို ရှင်းထုတ်မယ့်အစီအစဉ်ကို ပြုလုပ်တော့မယ်လို့ မျှော်လင့်ရပါတယ်။

AS ရဲ့ဖော်ပြချက်အရ တိုနီခရူးစ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ဆုဖလားအားလုံးကို ကိုင်မြှောက်လိုတဲ့ဆန္ဒ ပြည့်ဝခဲ့ပြီဖြစ်တာကြောင့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းသစ်ရှာဖွေနေပြီဖြစ်တယ်လို့ သိရပါတယ်။


loading...

က္က