မက်ဒရစ်ကို လာရောက်မယ်လို့ အဓိပ္ပာယ်ရတဲ့စကားကို ပြောခဲ့တာပါ။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ပီဟာ ရီးရဲမက်ဒရစ်အသင်းကသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ရီးရဲမက်ဒရစ်အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ စပိန်က သတင်းတွေအရ သိရပါတယ်။

ဘတ်ပီဟာ မိုနာကိုအသင်းမှာ ကစားသမားဘဝစတင်ချိန်ကတည်းက ဘောလုံးလောကရဲ့တောက်ပလာမယ့်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းထက် လက်ဦးမှုရယူပြီး ဘတ်ပီကို အရခေါ်ယူနိုုင်ခဲ့ပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကို ကနဦးမှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နောက်ရာသီမှာ ပေါင် ၁၆၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။



ဘတ်ပီဟာ မိုနာကိုလူငယ်အသင်းမှာ ကစားခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက ဘာနေဗျူးကွင်းကို သွားရောက်လည်ပတ်ခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒို၊ ဇီဒန်းနဲ့ ယင်းအချိန်က နည်းပြဖြစ်တဲ့ အန်ဆယ်လော့တီတို့နဲ့တောင် တွေ့ဆုံခဲ့ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ရတဲ့အကြောင်းအရင်းဟာ မိဘတွေရဲ့အိမ်မှာ ဆက်လက်ရှိနေလိုတာကြောင့်ဖြစ်ပြီး အမှန်တကယ်ကတော့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

AS ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘတ်ပီက ရီးရဲမက်ဒရစ်အသင်းကို ကြေညာချက်တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်လူငယ်အကယ်ဒမီမှာ အကြံပေးအဖြစ် လုပ်ကိုင်နေတဲ့ အစ်စီဒရိုဒိုင်ယက်ဇ်က အဝတ်လဲခန်းအနီးအနားမှာ ဘတ်ပီနဲ့ တွေ့ဆုံခဲ့ပြီး ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

“မက်ဒရစ်ကို မင်း လာရမယ်နော်”လို့ ဒိုုင်ယက်ဇ်က ပြောကြားခဲ့ပါတယ်။ ဘတ်ပီက “တကယ်လို့ မက်ဒရစ်က ကျွန်တော့်အတွက်သာ ဖြစ်လာခဲ့မယ်ဆိုရင် ဒီကို ရောက်ပြီးသားပဲ”လို့ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က