ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့်ကို အလျင်အမြန်ခေါ်ယူဖို့လိုအပ်နေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ ယခုနွေရာသီမှာ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ဘုတ်အဖွဲ့ကို အပြောင်းအရွှေ့ဘတ်ဂျက်နည်းနည်းပိုပေးဖို့ တောင်းဆိုခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ၃ ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် နည်းပြအမ်မရီဟာ ယခုနွေရာသီအတွက် ကစားသမားခေါ်ယူမှုပြုလုပ်ဖို့အတွက် ပေါင် ၄၅ သန်းသာ ဘတ်ဂျက်ရရှိခဲ့တာဖြစ်ပါတယ်။



အမ်မရီဟာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို ရောင်းထုတ်ပြီး ရန်ပုံငွေရှာဖွေသွားဖို့ စဉ်းစားနေပြီး ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာဟာ ယခုနွေရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရရှိမယ့်အသင်းကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမားဟောင်း ဇာဟာဟာ ငယ်စဉ်ကတည်းက အာဆင်နယ်အမာခံပရိသတ်ဖြစ်တာကြောင့် အမ်းမရိတ်ကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေကြောင်း ပြသခဲ့တာဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ဇာဟာရဲ့ဆန္ဒကို နားလည်ပေးပြီး ယခုနွေရာသီမှာ သင့်တော်တဲ့ဈေးနှုန်းရရှိမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဝမ်ဘစ်စ်ကာကိုတော့ ဇာဟာနဲ့ တစ်ချိန်တည်းမှာ ရောင်းထုတ်သွားလိုတဲ့ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဝမ်ဘစ်စ်ကာကို ခေါ်ယူဖို့ နီးစပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အပြောင်းအရွှေ့မပြုလုပ်မီမှာ ဇာဟာကို အလျင်အမြန်ခေါ်ယူဖို့ လိုအပ်နေပြီး အမ်မရီက အပြောင်းအရွှေ့ပြုလုပ်ဖို့ အသင်းရဲ့ဘုတ်အဖွဲ့ကို ဘတ်ဂျက်နည်းနည်းပိုပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ The Sun ရဲ့ဖော်ပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က