ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းကို မနှစ်က စတင်ရောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့အသင်းမှာတရားဝင် မထုတ်ပြန်ထာားတဲ့ အားကစားဒါရိုက်တာ ရာထူးကိုပါ ပူးတွဲရယူထားတယ်လို့ အီတလီသတင်းဌာနက ကယ်လ် စီယိုမာကာတိုက ဖော်ပြလာတာ တွေ့ရပါတယ်။
ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းရဲ့ အပြောင်းအရွှေ့ ကာလမှာ ကူညီဆောင်ရွက်ပေးနိုင်ဖို့ မိသားစုနဲ့အတူ အပန်းဖြေ အနားယူနေခဲ့တဲ့ ဂရိနိုင်ငံကနေ အီတလီကို ပြန်လာခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြလာ ပါတယ်။
အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းမှာကစားသမားအဖြစ်သာ မက တရားဝင် မထုတ်ပြန်ထားတဲ့ အားကစားဒါရိုက်တာ ရာထူးကိုပါ ပူးတွဲရယူထားတယ်လို့ကယ်လ်စီယိုမာကာတို သတင်းဌာနက ဖော်ပြလာပါတယ်။
လက်ရှိမှာ ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်း ရီးရဲမက်ဒရစ်က ကစားဖော်ဟောင်းတွေ ဖြစ်တဲ့ နောက်ခံလူ မာဆယ်လိုနဲ့ဂျိမ်းရိုဒရီဂွက်ဇ်တို့ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ်လို့သိရပါတယ်။
ဒါ့အပြင် နေးရှင်းလိဂ် ဗိုလ်လုပွဲမှာလည်း နယ်သာလန်အသင်းကအေဂျက်နောက်ခံလူ ဒီလိုက်ကိုလည်း အသင်းကို လာမလားလို့ ဆွဲဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် အသက် ၁၉ နှစ်အရွယ် ဒီလိုက်ကတော့သူ့ရဲ့ နောက်တစ်သင်းက လီဗာပူး ၊ ယူနိုက်တက်၊ဘာစီလိုနာနဲ့ပီအက်စ်ဂျီအသင်းတွေထဲက တစ်သင်းသင်းဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက်ပြောထားခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းကတော့ နည်းပြအယ်လီဂရီနဲ့လမ်းခွဲပြီးနောက် ချဲလ်ဆီးနည်းပြ ဆာရီကို အစားထိုးခန့်အပ်ခဲ့ ပြီလို့ သိရပြီး ရော်နယ်ဒိုကတော့ နည်းပြသစ် ဆာရီနဲ့အတူ အသင်းနဲ့ သင့်တော်မယ့် ကစားသမားတွေကို ကူညီ ရှာဖွေပေးသွားမှာလို့သိရပါတယ်။
အသက် ၆၀ ရှိပြီ ဖြစ်တဲ့ဆာရီကတော့ ဂျူဗင်တပ်အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပြီး ဆာရီကတော့ အသင်းဟောင်း ချဲလ်ဆီးက တပည့်ဟောင်းတွေ ဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ အီမာဆင်ကို ခေါ်ယူလိုနေတယ်လို့လည်း သိရပါတယ်။