ပီအက်စ်ဂျီအသင်းက နေမာရဲ့နေရာမှာ အစားထိုးဖို့ သတ်မှတ်ထားတာပါ။

ဂျူဗင်တပ်ကြယ်ပွင့် ဒေါက်ဂလပ်ကော်စတာဟာ နည်းပြသစ် ဆာရီနဲ့အတူ အလုပ်လုပ်ရမယ့်အခွင့်အလမ်းကို ရယူချင်တာကြောင့် လာမယ့်ရာသီ အသင်းမှာ ကျိန်းသေပေါက်ဆက်လက်ရှိနေမယ်လို့ ပြောကြားခဲ့ကြောင်း Squawka က ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်ဂလပ်ကော်စတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာ ယင်းသတင်းတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့နေရာမှာ အစားထိုးဖို့အတွက် ဒေါက်ဂလပ်ကော်စတာကို သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါက်ဂလပ်ကော်စတာကို ပြီးခဲ့တဲ့နွေရာသီတုန်းကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာလည်း ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါက်ဂလပ်ကော်စတာက မကြာသေးမီကမှ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ နည်းပြဆာရီနဲ့အတူ ဂျူဗင်တပ်အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဆာရီနဲ့ လူချင်းတော့ မသိပါဘူး။ ဒါပေမယ့် သူ နာပိုလီအတွက် အလုပ်လုပ်ပေးခဲ့တုန်းကတော့ မြင်ဖူးပါတယ်”

“ထူးဆန်းအံ့သြဖွယ်ရာသီတွေ သူ ရရှိခဲ့ပြီး ကျွန်တော်တို့အတူူတကွ အရမ်းကောင်းမွန်တဲ့အရာတွေကို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်စာချုပ်သက်တမ်းက ၃ နှစ်ကျန်ရှိနေသေးပြီး တူရင်မှာပဲ ဆက်နေမယ်ဆိုတာ သေချာပါတယ်”

“ကျွန်တော်တို့မှာ နည်းပြသစ်ရှိနေပြီဖြစ်ပြီး ကာလသစ်တစ်ခုကို ရောက်နေပါပြီ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။



က္က