ဇလာတန်က တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။
Pyae Phyo Thein

အေစီမီလန်အတွက် တိုက်စစ်မှူးဇလာတန်က ခြေစွမ်းပြခဲ့ပြီး ချေပဂိုးရရှိအောင် ပယ်နယ်တီက သွင်းယူပေးခဲ့သလို နောက်ထပ်ချေပဂိုးကိုလည်း ဖန်တီးပေးသွားခဲ့ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ပွဲစဉ်မှာတော့ အေစီမီလန်အသင်းဟာ ငါးမိနစ်အတွင်း ၃ဂိုးသွင်းယူနိုင်ခဲ့မှုနဲ့အတူ ဂျူဗီကို အံ့အားသင့်ဖွယ်ရာပြန်လာနိုင်မှုမျိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ရာဘီယော့၊ ရော်နယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ ဂျူဗီက ဦးဆောင်ခဲ့ပေမယ့် အေစီက ဆိုခဲ့တဲ့အတိုင်းခြေစွမ်းပြကာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ဂျူဗီအတွက် ငါးပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပြီး စီးရီးအေသွင်းဂိုး ၂၆ ဂိုးအထိ ရရှိခဲ့ပေမယ့်လည်း အသင်းရှုံးပွဲကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ အေစီမီလန်အတွက် တိုက်စစ်မှူးဇလာတန်က ခြေစွမ်းပြခဲ့ပြီး ချေပဂိုးရရှိအောင် ပယ်နယ်တီက သွင်းယူပေးခဲ့သလို နောက်ထပ်ချေပဂိုးကိုလည်း ဖန်တီးပေးသွားခဲ့ပါတယ်။ 

၀ါရင့်တိုက်စစ်မှူးနှစ်ဦးရဲ့ ရင်ဆိုင်ရမှုမှာတော့ ဒီတစ်ကြိမ်ကို ဇလာတန်က အသာရရှိသွားခဲ့တာဖြစ်ပါတယ်။ ပယ်နယ်တီကနေတဆင့် ဂိုးသွင်းအပြီးမှာလည်း ဇလာတန်ဟာ ရော်နယ်ဒိုက ဟန်ပါပါနဲ့ ပြုံးကြည့်နေခဲ့ပြီး ရော်နယ်ဒိုကလည်း ပြုံးနေခဲ့တာကို တွေ့မြင်ခဲ့ရပြီး သူတို့နှစ်ဦးကြားမှာ အသံတိတ်ပြိုင်ဆိုင်မှုတွေရှိခဲ့ပါတယ်။ 

အေစီကတော့ နောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာ အသင်းကြီးတွေလို့ဆိုရမယ့် ရိုးမား၊ လာဇီယို၊ ဂျူဗီတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုပါအသင်းအားလုံးကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ နည်းပြပါအိုလိုကတော့ ရာသီကုန်မှာ ထုတ်ပယ်ခံရတော့မယ်ဆိုကာမှ အသင်းကို ရလဒ်တွေဆက်တိုက်ကောင်းမွန်အောင် ကိုင်တွယ်ပေးနေပြီး အဆင့် ၅နေရာအထိ ပို့ဆောင်ပေးထားခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က