ထွက်ပေါ်လာတဲ့ တွဲဆိုင်းတွေအရ မှန်းဆကြည့်မိတာပါ။
Pyae Phyo Thein

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဒီနေ့မှာ ရေးဆွဲထုတ်ပြန်ခဲ့ပြီဖြစ်ပြီးတော့ ထိပ်သီးအသင်းအချင်းချင်းမြင်တွေ့ရနိုင်တဲ့ ပွဲစဉ် ၂ပွဲလောက် ပါလာခဲ့ပါတယ်။ တကယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲက ၁၆သင်းအဆင့်တောင်မပြီးသေးပါဘူး။ ဒုတိယအကျော့ ကစားရဦးမယ့် ပွဲတွေရှိနေသေးပြီးတော့ ပွဲစဉ်ဇယားကို ကြိုတင်ပြီး မဲခွဲခဲ့တာပါ။ 

မဲခွဲမှုအရဆိုရင် လိုက်ဇစ်နဲ့ အက်သလက်တီကို၊ ပီအက်စ်ဂျီနဲ့ အတ္တလန္တာတို့ ကွာတားမှာရင်ဆိုင်ရမှာပါ။ မန်စီးတီး/ရီးရဲလ်ပွဲစဉ်က အနိုင်ရသူနဲ့ ဂျူဗီ/လိုင်ယွန်ပွဲစဉ်က အနိုင်ရသူတွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိိုနာ/နာပိုလီ - ဘိုင်ယန်/ချယ်လ်ဆီး ဆိုပြီး မြင်တွေ့ရမှာပါ။ ထူးခြားတာကတော့ ၁၆သင်းအဆင့်နှစ်ကျော့စလုံးကစားပြီးတဲ့ အသင်းတွေအချင်းချင်းတွေ့ဆုံနေတာဖြစ်ပြီး ပွဲကစားဖို့ကျန်နေတဲ့အသင်းတွေကလည်း ဒီဖက်မှာ တွေ့ရမှာပါ။ 

သွားမယ့်လမ်းကြောင်းမှာဆိုရင် လိုက်ဇစ်-တီကို နဲ့ ပီအက်စ်ဂျီ-အတ္တလန္တာတို့အတွဲက အနိုင်ရတဲ့အသင်းနှစ်သင်းက ဆီမီးမှာကစားရမှာပါ။ ကျန်တစ်ဖက်မှာတော့ အသင်းကောင်းတွေရှိနေပြီး အသင်းကြီးအချင်းချင်း ကွာတား ဒါမှမဟုတ် ဆီမီးမှာ တွေ့ကြတော့မှာပါ။ အဲဒီတွဲဆို်င်းမှာဆို နောက်တဆင့်ကို ဘယ်အသင်းတက်မလဲဆိုတာက ဘိုင်ယန်တစ်သင်းပဲ သေချာသလောက်ရှိနေပြီး ကျန်သုံးနေရာက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ 


ဒီတော့ ရီးရဲလ်-ဂျူဗီ၊ ဂျူဗီ-မန်စီးတီး၊ မန်စီးတီး-လိုင်ယွန်၊ လိုင်ယွန်-ရီးရဲလ်ဆိုပြီးဖြစ်လာစရာရှိပါတယ်။ ရီးရဲလ်-ဂျူဗီဆိုရင်တော့ ရော်နယ်ဒိုက အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်ပြန်တွေ့တော့မှာပါ။ ပထမအကျော့မှာတော့ မန်စီးတီးက အဝေးကွင်းမှာ ၂-၁ နဲ့ ရီးရဲလ်ကို နိုင်ထားပြီး လိုင်ယွန်ကလည်း အိမ်ကွင်းမှာ ဂျူဗီကို ၁-ဝနဲ့ နိုင်ထားပါတယ်။


ကျန်နေတဲဲ့ပွဲအတွက်တော့ ဘာစီလိုနာ-ဘိုင်ယန်၊ ဘိုင်ယန်-နာပိုလီလို့ပဲ တွက်ချင်ပါတယ်။ ချယ်လ်ဆီးက ဘိုင်ယန်ကွင်းမှာ လေးဂိုးအထိသွင်းဖို့က မဖြစ်နိုင်ဘူးလို့ ယူဆမိလို့ပါ။ ဒါက ကွာတားမှာဖြစ်လာနိုင်တွေပါ။ ဆီမီးအဆင့်ဆိုရင်တော့ အက်သလက်တီကို-ပီအက်စ်ဂျီတစ်တွဲဖြစ်လာနိုင်ပြီး ဒီဘက်တွဲဆိုင်းက မှန်းဆရခက်ပါမယ်။ အသင်းကြီးတွေ ဆက်တိုက်ဆိုသလိုတွေ့နိုင်ပြီးတော့ စိတ်ဝင်စားစရာအခြမ်းလို့ပဲ ဆိုရပါမယ်။ 

ပြန်ပြီးတော့ ချုံ့ပြောရမယ်ဆိုရင် ဆီမီးဖိုင်နယ်ကို ပီအက်စ်ဂျီက တက်ရောက်ဖို့တော်တော်လေးအခွင့်အရေးရှိတယ်လို့ ယူဆမိပါတယ်။ ဒီတစ်ကြိမ်မှ သူတို့မလုပ်နိုင်ရင်တော့ ဘာပြောရမှန်းတောင်မသိဖြစ်သွားဖို့ရှိနေမှာပါ။ နောက်တစ်သင်းကတော့ အေတီကိုပေါ့။ တစ်ဖက်မှာတော့ ကွာတားကစပြီး ဆီမီးထိကို ပွဲကောင်းတွေကြည့်ရဖို့ရှိနေပါတယ်။ ကွာတားမှာ မန်စီးတီး-ဂျူဗီ၊ ဘိုင်ယန်-ဘာကာဖြစ်မယ်လို့ ထင်မိပြီး ဆီမီးမှာဆိုရင်တော့ မန်စီးတီး-ဘိုင်ယန်ဖြစ်လာနိုင်ပါတယ်။ 

ဒီလိုဆိုရင်တော့ အေတီကို-ပီအက်စ်ဂျီ၊ ဘိုင်ယန်-မန်စီးတီးဆိုပြီး ဆီမီးဖိုင်နယ်စာရင်းပေါက်လာမှာပါ။ ဗိုလ်လုပွဲကိုတော့ ဘယ်အသင်းတွေတက်ရောက်မလဲဆိုတာ ကွာတားဖိုင်နယ်က ခြေစွမ်းကိုကြည့်ပြီးတော့မှပဲ သုံးသပ်ချင်ပါတယ်။ ဒီနှစ်က အရင်လိုမဟုတ်ဘဲ တစ်ကျော့တည်းနဲ့ အပြတ်ကန်မှာဖြစ်လို့လည်း ထင်မှတ်မထားတာတွေဖြစ်လာနိုင်ပါသေးတယ်။ ဘာဖြစ်ဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ ချန်ပီယံလိဂ်ပွဲစဉ်တွေကတော့ မကြာခင်မှာ ရောက်လာတော့မှာပါ။


Author


က္က