loading...

loading...

loading...

၆လသားအရွယ်က အဖေရဲ့ အပြုအမူဆိုးကို ပိုင်ဆိုင်နေပြီလို့ ပရိသတ်တွေကြား ထင်ကြေးပေးခံလာရတာဖြစ်ပါတယ်။
Kyaw Ko Ko Sint

ဆွာရက်ဇ်ဟာ ပြိုင်ဖက်ကစားသမားတွေကို သွားနဲ့ကိုက်တတ်လေ့ရှိတဲ့ အပြုအမူဆိုးနဲ့ နာမည်ကျော်ခဲ့သူ တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပီအက်ဗွီကစားသမား ဘက်ခ်ကယ်လ်ကိုကိုက်ခဲ့လို့ ၇ ပွဲပယ်နဲ့ ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကိုကိုက်ခဲ့လို့ ၁၀ပွဲပယ်ပြစ်ဒဏ်တွေကို ခံယူခဲ့ရဖူးသူဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ရဲ့ သားငယ်ဖြစ်တဲ့ လာတာရို ဆွာရက်ဇ်ကတော့ တစ်နေ့မှာ အဖေလို ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်လာနိုင်ပြီး လက်ရှိမှာတော့ အဖေရဲ့ ဆိုးရွားတဲ့ အပြုအမူတစ်ရပ်ကို လေ့လာပိုင်ဆိုင်နေနိုင်ပြီ ဖြစ်တယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။

၆ လသားအရွယ်သာရှိသေးတဲ့ လာတာာရိုကတော့ ဘာစီလိုနာအသင်းက လီဗန်တေးအသင်းကို ၁-၀ နဲ့ အနိုင်ယူပြီး ရာသီမကုန်ခင် ချန်ပီယံဖြစ်ခဲ့တဲ့အချိန်မှာ အဖေရဲ့ ရင်ခွင်ထဲကနေ သူ့အဖေရဲ့ပုခုံးကို ကိုက်နေတဲ့ ပုံရိပ်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပုံကိုတွေ့ရပြီးနောက် Daily Mail က ၂၀၁၄ ကမ္ဘာ့ဖလားမှာ လူးဝစ္စဆွာရက်ဇ်တစ်ယောက် အီတလီ နောက်ခံလူ ချီလီနီရဲ့ပခုံးကို ကိုက်ခဲ့တဲ့ ပုံရိပ်နဲ့ ပြန်လည်နှိုင်းယှဉ် ဖော်ပြခဲ့တာပါတယ်။

ပရိသတ်တွေကတော့ အခုလို သူ့သားက သူ့ပုခုံးကို ပြန်ကိုက်နေတဲ့ ပုံကို မြင်မြင်ချင်းမှာပဲ လူမှုကွန်ရက်မှာ တချိန်က ဆွာရက်ဇ်ကိုက်ခဲ့တဲ့ ပုံရိပ်ဆိုးတွေကို ပြန်လည် မျှဝေပြီးသတိရသွားကြတယ်လို့လည်း သိရပါတယ်။

၂၀၁၀ တုန်းကအေဂျက်အသင်းမှာ ကစားစဉ်ကလည်း ဆွာရက်ဇ်အနေနဲ့ ပီအက်စ်ဗွီကစားသမားရဲ့ ပုခုံးကို ကိုက်ခဲ့လို့ ၇ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရဖူးပြီး လီဗာပူးကို ရောက်တော့လည်း ချဲလ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို ထပ်ကိုက်လို့ ၁၀ ပွဲပယ်ခံခဲ့ရဖူးသူပါ။

ဆက်လက်ပြီး ဆွာရက်ဇ်အတွက် အမှတ်တရ ပုံရိပ်ဆိုးကတော့ ၂၀၁၄ ကမ္ဘာ့ဖလား တုန်းက အီတလီအသင်းနဲ့ ဥရုဂွေးအသင်းတို့ပွဲမှာ အီတလီ နောက်ခံလူ ချီလီနီရဲ့ ပုခုံးကို ကိုက်ခဲ့ပြီး ပွဲချိန်အတွင်း ပြစ်ဒဏ်ချမှတ်ခြင်းတော့ မခံခဲ့ရတဲ့ ပွဲဖြစ်ပါတယ်။ ဒါကြောင့် အချိုန်မှာ သူ့သားက သူ့ပုခုံးကို ပြန်ကိုက်နေတဲ့ ပုံရိပ်ကို လူမှုကွန်ရက်မှာ ပျံ့နှံ့လာချိန်မှာတော့ အဖေတူသား ဖြစ်လာတော့မယ်လို့ ထင်ကြေးပေးခံလာရတာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က