ချဲလ်ဆီးကတော့ အေဂျက်၊ဗလင်စီယာ၊လိုင်လီတို့နဲ့ အတူ ကျရောက်နေပါတယ်။

ချဲလ်ဆီးအသင်းကတော့ မနှစ်က ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ဒီနှစ် ချန်ပီယံလိဂ်ကို မဲအိုး နံပါတ်တစ်ကနေ ဝင်ခွင့်ရခဲ့တာပါ။

ဒီနှစ် ချန်ပီယံလိဂ် အုပ်စုကျရောက်မှုတွေအပေါ်ကြည့်ပြီး အင်္ဂလိပ်အသင်းတွေ နောက်တစ်ဆင့်အတွက် လွယ်ကူတယ်ဆိုတဲ့ အပြောတွေ ရှိလာခဲ့ပေမယ့် ဒီအပေါ်မှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ငြင်းဆန် ခဲ့ပြီး ချဲလ်ဆီး ကျရောက်နေတဲ့ အုပ်စုက ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် အုပ်စုလို့ ပြောလာခဲ့တဲ့အကြောင်း Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



ချဲလ်ဆီးအသင်းအနေနဲ့ ယူရိုပါလိဂ် ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ကိုဝင်ခွင့်ရခဲ့တဲ့အတွက် မဲအို နံပါတ် ၁ မှာ ထည့်သွင်းခြင်းခံခဲ့ရပြီး အုပ်စုတွင်းမှာတော့ ဒတ်ချ်ချန်ပီယံ အေဂျက်၊ဗလင်စီယာ၊လိုင်လီတို့နဲ့တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အုပ်စုအနေအထားပေါ်မှာတော့ လမ်းပတ်က - “ ဘယ်အသင်းကိုမှ လွယ်လွယ်မနိုင်နိုင်ပါဘူး၊ကျွန်တော်တို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်မှသာ အုပ်စုကနေ နောက်တစ်ဆင့်ကို တက်နိုင်ပါမယ်။” လို့ ပြောခဲ့ပါတယ်။



ဆက်လက်ပြီး - “ အစောပိုင်း သတင်းတွေအရ အင်္ဂလိပ်အသင်းတွေအတွက် အုပ်စုကျရောက်နေမှုတွေက အခြေအနေကောင်းတယ်လို့ တွေ့ရပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဘယ်အုပ်စုမှ မချောင်ပါဘူး။ကျွန်တော့် အုပ်စုမှာဆိုရင် တစ်သင်းက မနှစ်က ဆီမီးထိရောက်တဲ့အသင်း၊ဗလင်စီယာက စပိန်အင်အားကြီး ပြိုင်ဖက်၊လိုင်လီလည်း အတူတူပဲ။” လို့ လမ်းပတ်က ပြောခဲ့ပါသေးတယ်။

လမ်းပတ်ကတော့ ကစားသမားဘဝမှာ ဗလင်စီယာအသင်းဖက်ကို ဂိုးသွင်းဖူးပြီး ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်ခဲ့သူပါ။

Share

Loading Next Article...
က္က