ဒဏ်ရာကြောင့် အသင်းလူစာရင်းက နှုတ်ထွက်သွားခဲ့ရပါတယ်။

ဘစ်စ်ကာအတွက်တော့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအဖြစ် ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုတို့နဲ့ ကစားရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူဘစ်စ်ကာဟာ အင်္ဂလန်အသင်းအတွက် ကစားပေးဖို့ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရပေမယ့်လည်း ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ ပြန်လည်နှုတ်ထွက်ခဲ့ရတယ်လို့ Sportskeeda က ဖော်ပြသွားခဲ့ပါတယ်။ ဘစ်စ်ကာဟာ နောက်ကျောဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပေါင်သန်း ၅၀နဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဘစ်စ်ကာက အသင်းသစ်မှာ ခြေစွမ်းပြကစားနေခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်ပွဲတိုင်းကိုလည်း ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းအပေါ်မှာ အင်္ဂလန်နည်းပြဆောက်ဂိတ်က သဘောကျခဲ့ပြီးနောက် လက်ရွေးစင်အသင်းကြီးအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။



အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်မှုတွေကို ဘစ်စ်ကာက ပြုလုပ်နေခဲ့ပြီးမှ ဒဏ်ရာကြောင့်နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဘစ်စ်ကာအတွက်တော့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအဖြစ် ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုတို့နဲ့ ကစားရမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီလည်းဖြစ်ပါတယ်။ ဘစ်စ်ကာရဲ့ ဒဏ်ရာသတင်းက ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်လည်း စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာပွဲတွေအပြီး စက်တင်ဘာ ၁၄ရက်နေ့မှာ ယူနိုက်တက်က လက်စတာနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်နောက်တန်းမှာ ဒါလော့နဲ့ လုခ်ရှောတို့ ဒဏ်ရာရရှိနေပြီး နေရာစုံကစားပေးနိုင်တဲ့ ဒါမီယန်ကလည်း ပါးမားကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအတွက် ဘစ်စ်ကာမကစားနိုင်ဘူးဆိုပါက အက်ရှ်လေယန်းကို ညာခံစစ်ကစားစေပြီး ရိုဟိုကို ဘယ်အစွန်မှာ ဆိုးလ်ရှားက ကစားခိုင်းဖွယ်ရှိနေပါတယ်။



က္က