ကစားသမားတွေက ပရီးမီးယားလိဂ်မှာရှိစဥ်ကထက် အင်တာမီလန်မှာ ခြေစွမ်း ပိုမိုပြသထားနိုင်ကြပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းကွန်တီဟာ အင်တာမီလန်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ချိန်ကစပြီး သူကျင်လည်ခဲ့ တဲ့ အင်္ဂလိပ်ဘောလုံးလောကက ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို တည်ဆောက်ထားသူပါ။

ဒီလို တည်ဆောက်ခဲ့ရာမှာတော့ အင်တာမီလန်အသင်းရဲ့ သမိုင်းမှာ ၂၀၁၀-၁၁ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံး အကြိမ် လိဂ်ချန်ပီယံဆုကို ရရှိနိုင်လုနီးနီးဖြစ်ခဲ့ပြီး ချန်ပီယံ ဂျူဗင်တပ်အသင်းအောက် ၁မှတ်လျော့နည်း ပြီး အဆင့်၂နဲ့သာ ကျေနပ်ခဲ့ရတာပါ။



လက်ရှိမှာလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်အသင်းနဲ့ ကစားရ မှာ ဖြစ်ကာ အနိုင်ရပါက ဆီဗီလာနဲ့ ဗိုလ်လုရမှာပါ။ ဒီအခြေအနေမှာ ဥရောပ အောင်မြင်မှုနဲ့ လက်တစ်ကမ်းသာ လိုတော့တဲ့ အင်တာမီလန်အသင်းရဲ့ ကစားသမား စုဖွဲ့မှုနဲ့ အဆိုပါ ကစားသမားတွေ ဒီရာသီအသင်းအတွက် ဘယ်လောက် စွမ်းဆောင်ပေးထားနိုင်လဲဆိုတာ လေ့လာကြည့်ပါမယ်။

ရိုမီလူ လူကာကူ

ဒီရာသီ ပြိုင်ပွဲစုံ ၄၉ပွဲကစားပြီး ၃၁ဂိုးသွင်းကာ ၅ဂိုးဖန်တီးပေးထားနိုင်တဲ့ အသက် ၂၇နှစ်အရွယ် လူကာကူကိုတော့ ကွန်တီက ယူနိုက်တက်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀နဲ့ ဝယ်ယူထားတာပါ။

ပေးရတဲ့ကြေးနဲ့တန်အောင် လူကာကူဟာ ဒီရာသီအသင်းအတွက် ၃၁ဂိုးတောင် သွင်းပေးထားနိုင်ပြီး ဒါဟာ ၂၀၁၀-၁၁ခုနှစ်က အင်တာမီလန် နောက်ဆုံး အောင်မြင်ခဲ့တဲ့ ရာသီမှာ ဆင်မြူရယ်အီတူးက အသင်းအတွက် တစ်ရာသီအတွင်း ဂိုး ၃၀သွင်းယူပေးနိုင်ခဲ့အပြီး ပထမဆုံး အသင်းအတွက် ဂိုး ၃၀နှင့်အထက် ပြန်သွင်းပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့ည ကစားရမယ့် ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း လူကာကူဟာ ၉ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သူ ဖြစ် လာခဲ့ပြန်ပါတယ်။ လူကာကူအတွက်‌တော့ သူ့ကစားသမားဘဝမှာ အခုလို တစ်ရာသီအတွင်း ဂိုး ၃၀ လုံးဝမရခဲ့ဖူးတာကြောင့် သူနဲ့ အင်တာမီလန်နဲ့ပေါင်းဖက်မှုက အကောင်းဆုံးအချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အလက်ဆစ် ဆန်းချက်

ယူနိုက်တက်နဲ့ ဆိုးရွာတဲ့ အချိန်တစ်ခု ဖြတ်သန်းခဲ့ရတဲ့ ဆန်းချက်ကတော့ အင်တာမှာ ပုံစံကောင်းအချို့ ပြန်ရခဲ့ တယ်လို့ ဆိုရမှာပါ။ဒါပေမယ့် အသက် ၃၁နှစ်အရွယ် ချီလီသားဟာ ဒဏ်ရာပြဿနာအချို့ကြောင့် စွမ်းသလောက် မစွမ်းဆောင်ထားနိုင်သေးပါဘူး။ သူကတော့ မနှစ်က နွေရာသီမှာ ယူနိုက်တက်ကနေ အငှားချခြင်းခံခဲ့ရပြီး ဒီနှစ်မှာတော့ အင်တာမီလန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ရောက်ရှိလာသူပါ။

ဆန်းချက်ဟာ ဒီရာသီအသင်းနဲ့အတူ ၁၅ပွဲသာ ပွဲထွက်ကစားထားနိုင်သေးပြီး ၄ဂိုးသွင်းပေးထားနိုင်ပါတယ်။ဒါဟာ ယူနိုက်တက်မှာ ရှိစဥ် သူသွင်းထားတဲ့သွင်းဂိုးအရေအတွက်ထက် တစ်ဂိုးသာ နည်းနေပါတော့တယ်။ဒါပေမယ့် သူ့ရဲ့ ဂိုးဖန်တီးမှုကတော့ ၉ကြိမ်အထိ ရှိထားပြီး ဒါဟာ အထောင်တိုက်စစ်မှူးတွေထဲမှာ အများဆုံး ပံ့ပိုးမှု ဖြစ်ပါ တယ်။ လက်ရှိမှာလည်း ပေါင်ကြွက်သားဒဏ်ရာအနည်းငယ်ရနေပြီး ဒီကနေ့ညပွဲကို ပါဝင်နိုင်မလားဆိုတာကလည်း မသေချာသေးပါဘူး။

အက်ရှ်လေယန်း

အင်တာမီလန်အတွက်တော့ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေကို ကောင်းကောင်း အသုံးချနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ယန်းကို ပေါင်၁.၂၈သန်းနဲ့ ရခဲ့တာပါ။အသက် ၃၅နှစ်ရှိနေပြီ ဖြစ်လို့ အနည်းငယ် အသက်ကြီးနေပြီလို့ ဆိုရပေမယ့်လည်း ယန်းဟာ မာဂုဏ်ရှိသေးကြောင်း အသင်းအတွက် ၄ဂိုးသွင်း ၅ဂိုးဖန်တီးပြထားပါတယ်။

ဗစ်တာမော့ဆက်

ကွန်တီရဲ့ တပည့်ဟောင်းလို့ဆိုရမယ့် မော့ဆက်နဲ့ကွန်တီတို့ဟာ ချဲလ်ဆီးမှာ အတူတကွ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ မော့ဆက်ကို ဘယ်နေရာအသုံးပြုရမလဲဆိုတာ ကွန်တီကောင်းကောင်းသိခဲ့ပြီး အဲ့ဒီနှစ်က ချဲလ်ဆီးမှာရှိစဥ် လိဂ်ဖလားဆွတ်ခူးခဲ့ပါတယ်။

မော့ဆက်ကို ချဲလ်ဆီးက အငှားခေါ်ထားပြီး ဒီလကုန်ပြည့်မှာဖြစ်ပြီး အင်တာက အပြီးသတ် ခေါ်ယူဖို့ မရှိဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။ မော့ဆက်ကတော့ စီးရီးအေ ၄ပွဲသာ ပွဲထွက်ကစားထားနိုင်သလို သွင်းဂိုးကလည်း အင်တာမှာ တစ်ဂိုးသာရထားပါတယ်။

ခရစ္စတီယန် အဲရစ်ဆင်

ဇန်နဝါရီလက စပါးကနေ အင်တာကို ရောက်ပြီးကတည်းက ပွဲအားလုံး ပါဝင်ကစားထားနိုင်သူပါ။၂၄ပွဲပွဲမှာ ၄ဂိုး သွင်း၃ဂိုးဖန်တီးထားတဲ့ အဓိက ကစားသမားတစ်ဦးဟာ အရန်ခုံကနေ လူစားဝင်ကစားပြီး အသင်းအတွက် အား ပြုပေးနေသူပါ။ အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ သူ့ကို ပြန်ရောင်းဖို့ လုပ်နေပြီလို့ ဆိုပေမယ့်လည်း ယူရိုပါလိဂ် ၂ပွဲမှာ လူစားဝင်ပြီး ခြေစွမ်းပြ ကစားထားနိုင်တာကြောင့် ဒါတွေကလည်း သံသယဖြစ်ဖွယ်ပါ။

Share

Loading Next Article...
က္က