ဦးဆောင်ဂိုးအစောကြီးရခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ခွင့်ပြုလိုက်ရတာပါ။

ယူနိုက်တက်အသင်းဟာ ပင်နယ်တီနဲ့ ဦးဆောင်ဂိုးရခဲ့ပြီး အဆိုပါ ပင်နယ်တီဟာ ဒီရာသီ ၂၂လုံးမြောက်ဖြစ်ကာ အခြားအသင်းတွေထက် အများဆုံး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဥရောပ စစ်မျက်နှာပြင်မှာ အင်္ဂလန်ကိုယ်စားပြုအသင်းဆိုလို့ ယူနိုက်တက်အသင်းတစ်သင်းတည်းသာ ကျန်ရှိ တော့ပေမယ့် ယခုအခါ ယူနိုက်တက်လည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ စပိန်ကလပ် ဆီဗီလာအသင်းကို ၂-၁နဲ့ရှုံး ပြီး ပြိုင်ပွဲက ထွက်လိုက်ရပါပြီ။



ယူနိုက်တက်အသင်းအနေနဲ့ ဦးဆောင်ဂိုးကို ၉မိနစ်လောက်ကတည်းက အစောကြီး ရခဲ့ပေမယ့်လည်း ဆီဗီလာ အသင်းကို ၂၆နဲ့ ၇၈မိနစ်တွေမှာ ဂိုးတွေ ပြန်ခွင့်ပြုလိုက်ရတာကြောင့် အခုလို အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ထူးခြားမှုကတော့ ဒီကနေ့ပွဲမှာလည်း ပင်နယ်တီတစ်လုံးရခဲ့ပြီး အဆိုပါ ပင်နယ်တီက ယူ နိုက်တက်အသင်းအတွက် ဒီရာသီ ၂၂လုံးမြောက်ပင်နယ်တီဖြစ်ပြီး ဒါဟာ အခြားသော ကလပ်အသင်းတွေထက် ပင်နယ်တီ ပြစ်ဒဏ်ဘော ပိုမိုကန်ခွင့်ရထားတာလည်း ဖြစ်ပါတယ်။

ပင်နယ်တီကိုတော့ ကွင်းလယ်လူ ဘရူနိုက သူ့ရဲ့ ၁၂ဂိုးမြောက်သွင်းဂိုးအဖြစ် ကန်သွင်းရယူခဲ့ပေမယ့်လည်း ပွဲ အပြီးမှာတော့ ယူရိုပါလိဂ်ဆုဖလား အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။

ဥရောပအဆင့် ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမနီနှစ်သင်း၊ပြင်သစ်နှစ်သင်း၊စပိန်၊အင်္ဂလန်၊အီတလီနဲ့ယူ ကရိန်းကလပ်တစ်သင်းစီ ပါဝင်နေခဲ့တာပါ။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်တွေကို မကစားသေးပဲ လိုင်ယွန်နဲ့ဘိုင်ယန်၊ပီအက်စ်ဂျီနဲ့လိုက်ပ်ဇက်တို့တွေ့ဆုံနေ ကာ မနက်ဖြန်မှာတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဒုတိယပွဲအဖြစ် အင်တာမီလန်နဲ့ရှက်တာဒိုးနက်အသင်းတို့ ကစား ပါမယ်။

ယခုနှစ် ဥရောပ စစ်မြေပြင်တိုက်ပွဲကို ကိုဗစ်ကြောင့် အရင်လို အိမ်ကွင်း၊အဝေးကွင်း နှစ်ကျော့ မကစားစေတော့ပဲ ကြားနိုင်ငံ တစ်နိုင်ငံမှာ တစ်ကျော့စနစ်နဲ့သာ ကစားစေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က