ကိုဆိုဗိုနဲ့ပွဲအပြီးမှာ ပြောသွားတာပါ။

အခုလို အဆင့်ရောက်ပေမယ့် ဥရောပဖလားကို ရဖို့ ကမ္ဘာ့ဖလားလောက်မလွယ်တဲ့အကြောင်းကိုလည်း ဆောက်ဂိတ်က ရှင်းပြခဲ့ပါသေးတယ်။

အင်္ဂလန်အသင်းရဲ့ နည်းပြ ဂရိတ်ဆောက်ဂိတ်က သူတို့အသင်းအနေနဲ့ ဘောလုံးအထက်တန်းစားနိုင်ငံတစ်ခုဖြစ် တယ်လို့ ထုတ်ဖော်ပြောလာခဲ့တဲ့အကြောင်း Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။



အင်္ဂလန်အသင်းအနေနဲ့ နောက်ဆုံးကစားထားတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ ၅ ပွဲမှာ သွင်းဂိုးက ၂၃ ဂိုးထိ မြင့်မားစွာ ရရှိနေပြီး တိုက်စစ်မှူးတွေ ဂိုးတွေ မြူးနေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးကစားထားတဲ့ ခြေစစ်ပွဲ ၂ ပွဲမှာ မွန်တီနီဂရိုးကို ၇ ဂိုး၊ကိုဆိုဗိုကို ၄ဂိုး နဲ့ ပေးဂိုးမရှိ အနိုင်ရရှိထားတာ လည်း ဖြစ်ပါတယ်။



ဒီအချိန်မှာတော့ နည်းပြဖြစ်သူ ဆောက်ဂိတ်က သူ့အသင်းသားတွေအားလုံး ကျရာ နေရာမှာ အံဝင်အောင် ပေါ့ပေါ့ ပါးပါး ကစားနိုင်နေကြလို့သာ အခုလို ရလဒ်ထွက်ပေါ်နေတာဖြစ်ပြီး ဒီပုံစံအတိုင်းသာဆိုရင် မိမိတို့ အင်္ဂလန် အသင်းက ဘောလုံးအထက်တန်းစား နိုင်ငံတစ်ခု ဖြစ်လာပြီလို့ ဆိုလိုက်တာပါ။

“ ဒီအသင်းမှာ ယုံကြည်မှုရှိတယ်၊ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ပွဲတိုင်းအတွက်တည်ငြိမ်တယ်။ ဘာမှားသွားမလဲဆို ပြီး စိတ်မပူကြဘူး။ပွဲတစ်ပွဲလုံးကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ကြပါတယ်။ဂိုးသွင်းရမယ်ဆိုတာလည်း ကောင်းကောင်းသိကြပါတယ်။”လို့ ပြောခဲ့ပါသေးတယ်။

တဆက်တည်းမှာပဲ ဥရောပဖလားကိုရဖို့ ကမ္ဘာ့ဖလားလောက်မလွယ်တဲ့အကြောင်းနဲ့ ဆီမီးဖိုင်နယ်ရောက်ပြီဆိုရင် ဥရောပရဲ့ထိပ်တန်းအသင်းတွေ ဖြစ်တဲ့စပိန်၊ဂျာမနီ၊ပေါ်တူဂီနဲ့ အခြားအသင်းတွေကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် လို့လည်း ဆောက်ဂိတ်က ဆိုခဲ့ပါသေးတယ်။

ဥရောပဖလားရဲ့ လက်ရှိချန်ပီယံကတော့ ၂၀၁၆ ခုနှစ်တုန်းက ပြင်သစ်ကို ၁-၀ နဲ့ အနိုင်ယူပြီး ပေါ်တူဂီအသင်းက ခံယူထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က