လိဒ်စ်အသင်းအနေနဲ့ ဇန်နဝါရီတုန်းက တစ်ကြိမ်ကမ်းလှမ်းခဲ့ပါသေးတယ်။
Win Kyaw Min

အေစီမီလန်အသင်းကနေထွက်ခွာဖို့သေချာခဲ့ပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ချ်အနေနဲ့ ကစားသမားဘဝကနေအနား ယူဖို့မရှိဘဲ တိုက်စစ်ကစားသမားကောင်းတစ်ဦးအဖြစ် ဆက်လက်ရ ပ်တည်လိုနေခဲ့တာပါ။

ဥရောပထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ အေစီမီလန်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ချ်အနေနဲ့ ရာသီ ကုန်မှာအသင်းကနေထွက်ခွာဖို့ရှိတယ်လို့ အတည်ပြုခဲ့ပြီးနောက် အင်္ဂလန်မြေသို့ ဒုတိယအကြိမ်ထပ်မံခြေချဖို့ရှိ နေတယ်လို့ marca.com က ဖော်ပြလာပါတယ်။

သတင်းဖော်ပြမှုတွေအရ မိုဗစ်ချ်အနေနဲ့ အင်္ဂလန်မြေကို ပြန်လည်ခြေချဖို့ရှိနေပေမယ့် ပရီးမီးယားလိဂ်မဟုတ် ဘဲ ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှုရရှိထားခဲ့တာဖြစ် တယ်လို့လည်း သိရပါတယ်။



“ အရင်ကတည်းက ခေါ်ယူဖို့အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမဲ့ အေစီမီလန်ကိုသူရွေးချယ်သွားခဲ့တယ်။ အရိုးသား ဆုံးနဲ့ပရော်ဖက်ရှင်နယ်ကျတဲ့ဆုံးဖြတ်ချက်ကို လုပ်ဆောင်ခဲ့သူပါ။ လက်ရှိမှာတော့သဘောတူညီမှုအချို့ရရှိထား ပြီဖြစ်ပေမယ့် အပြောင်းအလဲအချို့ဖြစ်လာနိုင်ပါတယ် ” လို့ လိဒ်စ်ယူနိုက်တက်ပိုင်ရှင်ရာဒရီဇ်ဇာနီက ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီက ပရီးမီးယားလိဂ်သို့တန်းတက်ခွင့်ရဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ဒါဘီကောင်တီ အ သင်းကို အရေးနိမ့်ခဲ့လို့ နစ်နာခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိမှာ ချန်ပီယံရှစ်ရဲ့အမှတ်ပေးဇ ယားကို ဦးဆောင်နေပြီး ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံးဖြစ်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့အတွက် လိဒ်စ်ယူနိုက်တက်နည်းပြဘီယက်ဆာက အရိပ်အမြွတ်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး ကာ ယကံရှင်ဖြစ်သူ မိုဗစ်ချ်အနေနဲ့လည်း အင်္ဂလန်မြေသို့ပြန်လည်ခြေချခွင့်ရရှိမယ့် အခြေအနေကိုငြင်းဆန်ဖို့မရှိဘူး လို့လည်း အီတလီအခြေစိုက် Skysport Italia ရဲ့အခိုင်အမာဖော်ပြချက်အရ သိရပါတယ်။


Author


က္က