ယခုရာသီမှာ အင်္ဂလန်အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။
Kg Htet

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်နောက်ခံကစားသမား ထရစ်ပီယာဟာ အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်ရဲ့ပမာဏ ၂၃ ဦးကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် နိုင်ငံတကာဆုဖလားကို ကိုင်မြှောက်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီလို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ တနင်္လာနေ့ညမှာ ထုတ်ပြန်ရမယ့် ၂၃ ဦးစာရင်းအတွက် လွန်ခဲ့တဲ့ ၂ ပတ်ကတည်းက ၂၇ ဦးစာရင်းကနေ ရွေးချယ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ထရစ်ပီယာဟာ စပါးအသင်းဖော် ဟယ်ရီဝင့်ခ်၊ ဆောက်သမ်တန်ကစားသမား ၂ ဦးဖြစ်တဲ့ ရက်ဒ်မွန်း၊ ဂျိမ်းစ်ဝါ့ဒ်ပရောက်စ်တို့နဲ့အတူ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ဝါ့ဒ်ပရောက်စ်နဲ့ ရက်ဒ်မွန်းတို့ဟာ ပမာဏ ၂၃ ဦးစာရင်းက လက်ရွေးစင်ကစားသမားတွေနဲ့အတူ စိန့်ဂျော့ဂျ်ပတ်မှာ လေ့ကျင့်ရေးပြုလုပ်ဖို့ ကျန်ရှိနေလိမ့်မယ်လို့ သိရပါတယ်။

ထရစ်ပီယာဟာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကနေတဆင့် လှလှပပ ဂိုးကန်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီမှာ ပုံစံကောင်းပြသဖို့ ရုန်းကန်ခဲ့ရပြီး အလက်ဇန္ဒားအာနိုးလ်၊ ကိုင်လီဝေါ်ကာတို့ကြောင့် အင်္ဂလန်အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။


အင်္ဂလန်အသင်းရဲ့ပဏာမ ၂၃ ဦးကစားသမားစာရင်း

ဂိုး- ဂျော်ဒန်ပစ်ဖို့ဒ်၊ ဂျက်ဘတ်တ်လန်၊ တွမ်ဟီတန်။

နောက်တန်း-ဝေါ်ကာ၊ ရို့စ်၊ ဂျွန်စတုန်း၊ မက်ဂွိုင်းယား၊ ချေးလ်ဝဲလ်၊ မိုက်ကယ်ကိန်း၊ အလက်ဇန္ဒားအာနိုးလ်၊ ဂျိုးဂိုးမက်ဇ်။

အလယ်တန်း-ဟန်ဒါဆင်၊ အဲရစ်ဒိုင်ယာ၊ လင်ဂတ်၊ စတားလင်း၊ ဆန်ချို၊ ဒီကလန်ရိုက်စ်၊ ရော့စ်ဘာကလေ၊ အလီ၊ ဖေဘီယံဒဲ့ဖ်။

ရှေ့တန်း-ဟယ်ရီကိန်း၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ကယ်လန်ဝီလ်ဆန်။


ဆက်စပ်အကြောင်းအရာများ


Author


က္က