နည်းပြသစ်ဆက်တီယန်ကလည်း နှုတ်ဆိတ်နေခဲ့ပါတယ်။
Pyae Phyo Thein

နည်းပြသစ်ဆက်တီယန်နဲ့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုမှာ မက်ဆီက တောင်းဆိုခဲ့တာဖြစ်ပြီး ကလပ်အသင်းဘက်က အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျမဖြေရှင်းပေးခဲ့ဘူးလို့ သိရပါတယ်။ 


ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်မက်ဆီရဲ့ အဂူရိုကို ခေါ်ယူပေးဖို့ တောင်းဆိုမှုကို ဂရုမစိုက်ခဲ့ဘူးလို့ အင်္ဂလန်သတင်းဌာန Express က ဖော်ပြခဲ့ပါတယ်။ နည်းပြသစ်ဆက်တီယန်နဲ့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုမှာ မက်ဆီက တောင်းဆိုခဲ့တာဖြစ်ပြီး ကလပ်အသင်းဘက်က အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျမဖြေရှင်းပေးခဲ့ဘူးလို့ သိရပါတယ်။ 

အသင်းမှာ တိုက်စစ်မှူးဆွာရက်ဇ်ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်လို့ မက်ဆီက တိုက်စစ်မှူးသစ်ခေါ်ယူဖို့အတွက် အကြံပြုခဲ့ရာမှာ အဂူရိုကို ညွှန်းဆိုခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်ရဲ့ ခြေစွမ်းကို မက်ဆီက သဘောကျနေပြီး အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်လာမယ်လို့လည်း ယုံကြည်နေပေမယ့် ဆက်တီယန်နဲ့ ဘာစီလိုနာက လျစ်လျူရှုထားခဲ့ပါတယ်။ 

အဂူရိုကတော့ မန်စီးတီးအတွက် ခြေစွမ်းပြကစားပေးနေသူဖြစ်ပြီး ဒီရာသီမှာပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့သလို ဂိုးသွင်းအများဆုံးနိုင်ငံခြားသားကစားသမားအဖြစ်နဲ့လည်း အဂူရိုက ရပ်တည်နိုင်ခဲ့ကာ မက်ဆီရဲ့ သဘောကျမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ပွဲစဉ်မှာတော့ ဆက်တီယန်က ဘာစီလိုနာနည်းပြသစ်ပွဲဦးထွက်မှာ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ ဂရန်နာဒါကို အနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး ၇၈ မိနစ်မှာ သွင်းယူခဲ့တဲ့ မက်ဆီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှာ ဂရစ်မန်း၊ အန်ဆူဖာတီတို့ ပါဝင်ခဲ့ပေမယ့် မက်ဆီကပဲ ကယ်တင်ပေးခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က