ဆီဗီလာရဲ့ ချန်ပီယံဖြစ်လာမှုအတွက် အောင်ပွဲခံခဲ့တာပါ။
Pyae Phyo Thein

ခရိုအေးရှားကွင်းလယ်လူဟာ အဝတ်အစားအပြည့်အစုံဝတ်ဆင်ထားပြီး ဆီဗီလာတို့ ချန်ပီယံဖြစ်လာချိန်မှာ ရေကူးကန်ထဲခုန်ကျအောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။ 


ဘာစီလိုနာအသင်းကွင်းလယ်လူရာကီတစ်က အသင်းဟောင်းဆီဗီလာအသင်း ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် အပျော်လွန်ကာ ရေကူးကန်အတွင်းကို ခုန်ချအောင်ပွဲခံခဲ့တယ်လို့ စပိန်မီဒီယာတစ်ခုကို အတည်ပြုသွားခဲ့ပါတယ်။ ဆီဗီလာက အင်တာမီလန်ကို ၃-၂နဲ့ အနိုင်ရရှိခဲ့အပြီးမှာ အသင်းဟောင်းအောင်ပွဲအတွက် ရာကီတစ်က ပျော်ရွှင်စွာအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းကနေ ထွက်ခွာရဖို့ နီးစပ်နေပြီး အသင်းဟောင်းဆီဗီလာကို တကျော့ပြန်ရောက်ရှိနိုင်တဲ့ ရာကီတစ်က SFC Media ကို အတည်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာမှာ ခြောက်နှစ်ကြာကစားပေးခဲ့တဲ့ ခရိုအေးရှားကွင်းလယ်လူဟာ အဝတ်အစားအပြည့်အစုံဝတ်ဆင်ထားပြီး ဆီဗီလာတို့ ချန်ပီယံဖြစ်လာချိန်မှာ ရေကူးကန်ထဲခုန်ကျအောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။ 


ဆီဗီလာနဲ့အတူ ၂၀၁၄ ယူရိုပါလိဂ်ဖလားကို ရရှိထားခဲ့တဲ့ ရာကီတစ်ဟာ ဘာစီလိုနာကစားသမားဘဝမှာလည်း အောင်မြင်မှုတွေရရှိထားခဲ့သူဖြစ်ပါတယ်။ ဆီဗီလာအတွက် ၃နှစ်သာကစားပေးခဲ့ပေမယ့်လည်း အသင်းဟောင်းအပေါ် အခုချိန်ထိသံယောဇဉ်ကြီးမားနေဆဲဖြစ်တဲ့ ရာကီတစ်က သူ အောင်ပွဲခံခဲ့တဲ့အကြောင်းကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဝန်ခံပြောဆိုသွားခဲ့တာပါ။


စပိန်ကလပ်ဆီဗီလာကတော့ ယူရိုပါလိဂ်ဖလားကို ၆ ကြိမ်မြောက်အဖြစ် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်ဘုရင်လို့ နာမည်တွင်နေတဲ့ ဆီဗီလာဟာ အင်တာမီလန်ကို ပွဲစပြီးငါးမိနစ်မှာပဲ ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့ကာ ဒုတိယပိုင်းမှာရရှိခဲ့တဲ့ ပွဲသိမ်းအနိုင်ဂိုးကြောင့် ဗိုလ်စွဲခဲ့ပြီး အောင်မြင်တဲ့ဘောလုံးရာသီကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ 


Author


က္က