ထူးခြားမှတ်တမ်းတွေကို လိုက်မီခဲ့တာဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ လူကာကူဟာ ဆီဗီလာအသင်းရရှိသွားခဲ့တဲ့ အနိုင်ဂိုးမှာ ပီပီပြင်ပြင်ဖျက်ထုတ်နိုင်ခြင်းမရှိခဲ့သလို သူ့ခြေထောက်နဲ့ထိပြီး ပြိုင်ဘက်ကို ချန်ပီယံဖြစ်စေမယ့် သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ 


ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဟီးရိုးကနေ ဇီးရိုးဖြစ်ခဲ့ပြီး ဆီဗီလာအသင်းရရှိခဲ့တဲ့ အနိုင်ဂိုးမှာ သူ့ရဲ့အပြစ်မကင်းဘူးလို့ ယူဆရမယ့် လူကာကူဟာ အသင်းအရေးနိမ့်ခဲ့ပေမယ့် နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဘရာဇီးလ်ရော်နယ်ဒို နဲ့ ပေါ်တူဂီရော်နယ်ဒိုတို့ရဲ့ စံချိန်မှတ်တမ်းတွေကိုတော့ လိုက်မီခဲ့ပြီး တစ်ဦးချင်းမှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ အင်တာမီလန်အတွက် ပယ်နယ်တီကတဆင့် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီးနောက် လူကာကူဟာ အင်တာမီလန်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၃၄ ဂိုးရရှိခဲ့တဲ့ ဘရာဇီးလ်ရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၁၉၉၇-၉၈ မှာ အင်တာမီလန်ကို ဘာစီလိုနာကနေ ပြောင်းရွှေ့လာခဲ့ပြီး အဆိုပါမှတ်တမ်းကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

လူကာကူကလည်း ဒီရာသီအစမှာပဲ ယူနိုက်တက်နေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၃၄ ဂိုးအထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ မှတ်တမ်းဖြစ်တဲ့ ဥရောပရဲ့အဓိကပြိုင်ပွဲကြီးနှစ်ခုရဲ့ ရှုံးထွက်အဆင့်မှာ ၆ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုလည်း လူကာကူက လိုက်မီခဲ့ပြီး ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် လူကာကူကမှတ်တမ်းဝင်ခဲ့တာပါ။ 

စီရော်နယ်ဒိုက ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ စွမ်းဆောင်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လူကာကူကတော့ ယူရိုပါလိဂ် ၃၂သင်းအဆင့်ကနေစတင်ကာ အင်တာမီလန်အတွက် ဂိုးတွေဆက်တိုက်သွင်းယူခဲ့ပြီးတော့ ဗိုလ်လုပွဲအထိ တောက်လျှောက်ဂိုးသွင်းနေခဲ့ပါတယ်။ အဲဗာတန်ကစားသမားဘဝက သွင်းဂိုးတွေကိုပါ ထည့်တွက်မယ်ဆိုရင် ယူရိုပါလိဂ်မှာ ၁၁ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပြီး စံချိန်သစ်ရယူနိုင်ခဲ့သလို ရော်နယ်ဒိုနှစ်ဦးစလုံးရဲ့စံချိန်ကိုလည်းလိုက်မီခဲ့ပါတယ်။ 

ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ လူကာကူဟာ ဆီဗီလာအသင်းရရှိသွားခဲ့တဲ့ အနိုင်ဂိုးမှာ ပီပီပြင်ပြင်ဖျက်ထုတ်နိုင်ခြင်းမရှိခဲ့သလို သူ့ခြေထောက်နဲ့ထိပြီး ပြိုင်ဘက်ကို ချန်ပီယံဖြစ်စေမယ့် သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ 



က္က