ဆိုစီဒက်ကို ၄-၃ နဲ့ အရေးနိမ့်ခဲ့တာပါ။

ရီးရဲရောဘာစီလိုနာပါ ပြိုင်ဖက်ကိုယ်စီကို အရေးနိမ့်ခဲ့တာကြောင့် ၁၀ နှစ်အတွင်းမှာ ရီးရဲနဲ့ ဘာစီလိုနာ မပါတော့တဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲကို မြင်တွေ့ရတော့မှာပါ။

ကိုပါဒယ်ရေးကွာတားဖိုင်နယ်မှာ ရီးရဲဆိုစီဒက်ကို ၄-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ထွက်ခဲ့ရတဲ့အပေါ် အကြောင်းပြချက် ပေးဖို့ မရှိပဲ ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်လို့ ရီးရဲမက်ဒရစ်အသင်း နည်းပြချူပ် ဇီဒန်းက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။





“ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်၊၁-၄နဲ့ ရှုံးနေချိန်မှာ အကောင်းဆုံး ပြန်ကြိုးစားခဲ့တာ တွေ့ရပါတယ်။ဘာဖြစ် ဖြစ် ပြိုင်ဖက်ကို ဂုဏ်ပြုသင့်သလို ကျွန်တော်လည်း အရှုံးကို လက်ခံပါတယ်။”လို့ ဇီဒန်းက ပြောခဲ့တာပါ။

ရီးရဲအသင်းအနေနဲ့ နောက်တန်း အမှားတွေ ရှိခဲ့ပြီး ဒါကပဲ အသင်းကို ရှေ့လျှောက် ဘာတွေ ပြန်ပြင်ဆင်သင့်နေ သေးလဲဆိုတာ သိသွားတဲ့အပေါ်မှာပဲ ကျေနပ်တဲ့အကြောင်းလည်း ဇီဒန်းက ပြောသွားပါသေးတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ အရှုံးကြောင့် ၁၀ နှစ်အတွင်း ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်(သို့)ဘာစီလိုနာ တစ်သင်းသင်း ပါဝင်နေခဲ့တဲ့ အစဥ်အလာတစ်ခုကတောာ့ ကျိုးပျက်သွားခဲ့ရပြီလည်း ဖြစ်ပါတယ်။

အကြောင်းကတော့ ပြိုင်ဖက် ဘာစီလိုနာအသင်းကပါ ဘီလ်ဘာအိုအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ဂရန်နာဒါ၊မီရန်ဒက်စ်၊ရီးရဲဆိုစီဒက်စ်နဲ့ဘီလ်ဘာအိုအသင်းတွေ တက်လှမ်းလာခဲ့ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က